Part-1

687 23 0
                                        

U.

ကလင်...ကလင်...

"ဟဲလို...ဟုတ်ကဲ့ရှောင်းရှောင်ကျန့်ပါ....ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်ဆေးရုံကိုခုချက်ချင်းလာခဲ့ပါမယ်ဗျ..''
"သားကျန့် ဘာဖြစ်တာလဲ..''
"ကျဲတို့ ကားတိုက်မှုဖြစ်လို့တဲ့...''

ရှောင်ကျန့်တစ်ယောက် ထမင်းချက်အဒေါ်ကြီးကို ပြန်ဖြေကာ သူ့အမတို့ဆေးရုံကို ချက်ချင်းလိုက်သွားလိုက်တယ်.....

"ကျဲ....''
"အားကျန့်လေး.... ကျဲ့တို့ရဲ့သားလေးကိုစောင့်ရှောက်ပေးပါ''
"ကျဲအဲ့လိုမပြောပါနဲ့ ကျဲဘာမှမဖြစ်ဘူး...''
"အားကျန့် ကျဲလည်း ကျဲယောကျာ်းနောက်လိုက်သွားရတော့မယ်... အားကျန့်လေးလည်းကိုယ့်ကိုယ်ကို ဂရုစိုက်ပီး ကျဲရဲ့သားလေးကိုစောင့်ရှောက်ပေးပါအုံး...''

ရှောင်ကျန့်သူ့ကိုစကားပြောရင်း တဖြည်းဖြည်းအားနည်းလာတဲ့လက်ကလေးကိုဆုပ်ကိုင်ကာ ငိုရင်းပြောလိုက်တယ်...

"ကျွန်တော် ကျဲရဲ့ သားလေးကိုစောင့်ရှောက်ပေးမှာမို့ အေးအေးချမ်းချမ်းအနားယူပါ...ကျဲ''

ရှောင်ကျန့် ကွယ်လွန်သွားတဲ့ ကျဲကိုကြည့်ကာပြောလိုက်တယ်...

"ကျွန်တော် ရိပေါ်လေးကိုသားအရင်းလိုစောင့်ရှောက်ပါ့မယ်.. ''

ရှောင်ကျန့်ပြောပီးရိပေါ်လေးကိုကြိုဖို့အတွက် ထွက်လာခဲ့လိုက်တော့တယ်....

"ကိုကိုရှောင်ကျန့်  မေမေရော''
"ရိပေါ်ရိပေါ်ရဲ့မေမေက ခရီးအရှည်ကြီးသွားတာမို့ရိပေါ်ကို ကိုကိုနဲ့ထားခဲ့တာ ရိပေါ်လေးလိမ္မာရမယ်နော်...''
"ဟုတ် ကိုကို''

"ကိုကို ထမင်းစားမယ်လေ.... ဒေါ်ဒေါ်ပြောတာ ကိုကိုတစ်နေကုန်ထမင်းမစားရသေးဘူးတဲ့....''
"ကိုကို ဗိုက်မဆာလို့ပါ ရိပေါ်လေး...''
"ကိုကိုစားလေ ရိပေါ်ခွန့်မယ်.... အာ''

ရှောင်ကျန့်သူ့ကို ထမင်းလာခွန့်တဲ့ရိပေါ်လေးကိုကြည့်လိုက်တယ်....
ဟုတ်တယ် သူစိတ်ဓာတ်ကျနေလို့မဖြစ်ဘူး...ရိပေါ်လေးကိုသေချာစောင့်ရှောက်ဖို့အတွက် ထမင်းစားရမယ်....

ရိပေါ်သူခွန့်တဲ့ ထမင်းကို ကိုကိုစားလို့ပျော်သွားတယ်..

"ကိုကို ဟ နောက်တစ်ဇွန်းစား ရိပေါ်ခွန့်မယ်....''
"အွန်း..... အာာ''
"ကိုကို ကောင်းလား''
"အင်း ရိပေါ်လေးခွန့်လို့ထင်တာဘဲ စားဘူးသမျှထဲမှာအရသာအရှိဆုံးဘဲ''
"ခစ်..ခစ်.. ကိုကိုနောက်ထပ်ထက်စား.ဟ.ဟ''

Omega DaddyWhere stories live. Discover now