"Jeonghan Hyung~ Hyung က mint choco စားတာလား ကျွန်တော်က strawberry စားတာ။ နှစ်ခုပေါင်းစားရင် ဘယ်လိုအရသာ ဖြစ်မလဲ မသိဘူးနော်"
Seokminရဲ့ စကားကြောင့်ပဲလား ဒါမှမဟုတ် တစ်ခြားတစ်ခုကြောင့်ပဲလားတော့မသိပေမယ့် စကားအဆုံး ထိကပ်လာခဲ့တဲ့ Jeonghan ရဲ့ strawberry အရသာ နှုတ်ခမ်းတွေက Seokminရဲ့ Mint choco ရေခဲမုန့်အနည်းငယ် စွန်းထင်းနေခဲ့တဲ့ နှုတ်ခမ်းတွေ ပေါ် ရောက်လာခဲ့ပြီးပြီ။
တစ်ခဏတော့ တွန့်ဆုတ်မိသွားပေမယ့် Jeonghan hyung ရဲ့ နှုတ်ခမ်းကို တစ်ချက်လောက် ဆွဲစုပ်လိုက်မိတော့ ပါလာတဲ့ အရသာက အင်း...ကောင်းတာထက်ကို ပိုတယ်။ ထပ်ခါထပ်ခါ စားချင်မိတဲ့အရသာမျိုး။
စကားကို အဓိပ္ပာယ်နှစ်ခွ ထွက်စေတဲ့ Seokmin ရဲ့ အမှားပဲလား။ မတွေးပဲ လုပ်လိုက်တဲ့ Jeonghan ရဲ့အမှားပဲလားတော့ မပြောတတ်ပေမယ့် တစ်ခဏအကြာမှာ Jeonghan က Seokmin ကို စကားတစ်ခွန်းမှဆိုမလာဘဲ နေရာကနေ ပြေးထွက်သွားပြီးပြီ။
အဲ့ဒီအချိန်ကသာ hyung က နောက်ထပ်ပေါ်မလာတော့ဘူးမှန်းသိခဲ့ရင် ဒူးဖက်ပြီး ဆွဲထားခဲ့ပါတယ်။ ဒါပေမဲ့ လူဆိုတာ ကြိုမှ မသိနိုင်ဘဲ။
Jeonghan hyung မရှိတဲ့ တစ်ရက်တာက Seokmin ရဲ့ အတွေးထဲမှာ ရေခဲမုန့်နဲ့ပဲ တစ်ဝဲလည်လည်ဖြစ်ခဲ့ရတဲ့ နေ့ ။
နှစ်ရက်ရှိလာခဲ့တော့ အဲ့ဒီ့အရသာကို ပြန်လို ချင်တဲ့ စိတ်က တရိပ်ရိပ်။
အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်အတွက် နမ်းတာက ပုံမှန်ကိစ္စမှ ဟုတ်မနေတာ။ ပထမဆုံး အနမ်းမို့လို့ ဖြစ်တယ်ထင်ခဲ့ပေမယ့် မဟုတ်ခဲ့ဘူး မျက်လုံးမှိတ်လိုက်တိုင်း ပေါ်လာတဲ့ Jeonghan ရဲ့ နှုတ်ခမ်းတွေကို ပြန်ထိတွေ့ချင်တယ်။ နောက်ပြီး အမြဲတမ်း ထိတွေ့ခွင့်ရခဲ့တဲ့ လက်တွေ ကိုလည်း ပြန်ကိုင်ကြည့်ချင်မိတာ။
Jeonghan မရှိရင် မနေနိုင်တာကို jeonghan မရှိမှ သိတဲ့ Seokmin ကိုယ့်ကိုယ်ကိုယ် အားမရလို့ မဆုံး။
တစ်ဖြည်းဖြည်းနဲ့ တစ်ရက်က တစ်လ ထိကြာလာတဲ့ အချိန်မှာ Seokmin ထိုင်မရ ထ မရ ဖြစ်လာတဲ့အထိ။
အရသာကို လွမ်းတယ်လို့ ထင်လို့ Mint choco နဲ့ strawberry ကို အမြဲ ရောစားနေတာ တစ်လအတွင်း ခွက် ၅၀ ရှိသွားပေမယ့် Jeonghan hyung ရဲ့ နှုတ်ခမ်းကဟာမှ မဟုတ်ရင် အရသာမရှိသလိုပဲ။
