တစ်ခစ်ခစ်ရယ်သံလေးတွေ ပျံ့လွင့်လို့ ပျော်စရာ dateလေး.. ဒီလောက်ပဲ ပျော်စရာတွေကျန်တော့တယ်ဆိုတာ မသိကြရှာဘူးလေ။
----------
လှပ ကျယ်ဝန်းတဲ့ ခြံဝန်းလေးထဲ အနက်ရောင်ကားလေးတစ်စီးဟာ ပျော်ရွှင်မှုတွေလွှမ်းခြုံလို့ ဝင်ရောက်လာတယ်။ စင်ဝင်အောက်မှာ ရပ်လိုက်တော့ ထွက်ကြိုလာတဲ့ အိမ်တော်ထိန်းအမျိုးသမီးကြီး။
"အကိုလေး ဆရာကြီးKimက စာကြည့်ခန်းကို လာတွေ့ခိုင်းလိုက်ပါတဲ့"
"ဟုတ်ပြီ"
Knock knock
"ဖေဖေ သားဝင်လာခဲ့မယ်နော်"
"ခေါ်တယ်ဆို ဖေဖေ"
ကျောပေးပြီး ရပ်နေတဲ့ဖေဖေ့ရဲ့ ကျောပြင်ကိုကြည့်ရတာ ဝမ်းနည်းမှုတွေ ခံစားနေရတယ်။
"တစ်ခုခုဖြစ်လို့လား"
ထိုအခါ လှည့်လာပြီး တဖြည်းဖြည်းချင်း အနားတိုးကပ်လာတဲ့ဖေဖေ။
"ဒီနေ့ သမီး Jihye နဲ့ ပျော်ခဲ့ရဲ့လား"
"အာ ပျော်တာပေါ့ ဖေဖေရဲ့ "
"သား Jihyeကို သိပ်ချစ်တာပဲလား"
"ဒါပေါ့ jihyeက ကျွန်တော့်အတွက်တော့ အဖိုးမဖြတ်နိုင်တော့မယ့် အချစ်စစ်ပဲဖြစ်မယ်"
"ဟင်းး"
သက်ပြင်းအရှည်ကြီးချလိုက်တာများ ပင်ပန်းနေသလို ဝန်လေးနေသလို။
"တစ်ခုခုပြောစရာရှိလို့များလား"
"ဖေဖေ ဘယ်လိုပြောရမှန်းတောင် မသိပါဘူးကွာ"
ဖေဖေကထိုသို့ပြောပြီး ငိုတယ်။ ဘာတွေများ ဒီလောက်ဝမ်းနည်းဖို့ကောင်းနေတာလဲ။ ဘာတွေပဲဖြစ်နေအုံးတော့ အဖေတစ်ခု သားတစ်ခုဘဝမို့ ဖေဖေငိုနေတာမြင်တော့ ရင်ထဲမကောင်း။ ဖေဖေ့ကို ဖက်ထားပေးတော့ ဖေဖေက တိုးတိုးလျလျ တောင်းပန်စကားဆိုလာတယ်။
"ဖေဖေတောင်းပန်ပါတယ်ကွာ "
"ဖေဖေတောင်းပန်ပါတယ်"
"တောင်းပန်စရာ ဘာလိုလဲဖေဖေရာ ဘာတွေပဲ ဖြစ်ပါစေအုံးတော့ ဖေဖေသားကို တောင်းပန်စရာမလိုပါဘူး"
