အဆင့်မြင့်restaurantတစ်ခုရဲ့ private roomအလယ် တိတ်ဆိတ်တဲ့ လေထုမှာ မျက်နှာချင်းဆိုင်ထိုင်နေကြတဲ့ လူနှစ်ယောက်။ Kimမျိုးရိုးလူကြီးမှာ သူ့ရှေ့က အမျိုးသားအား မျက်လုံးပင်ဆုံမကြည့်ရဲပေ။
"ခင်ဗျားရဲ့သား Kim Mingyuပဲ !! "
"ခင်ဗျာ"
" တခြားနည်းလမ်းတစ်ခုအနေနဲ့ဆိုရင် ခင်ဗျားရဲ့သားကို လိုချင်တယ် "
"သားကိုတော့ မဖြစ်ပါဘူးဗျာ တကယ်တောင်းပန်ပါတယ် ကျွန်တော့်မှာ ဒီသားလေးပဲ ရှိတာပါ အားလုံးသူ့အတွက်ပဲ ကြိုးစားနေခဲ့ရတာပါ"
" ခင်ဗျား လောင်းကစားတွေလုပ်ပြီး companyရဲ့ငွေတွေ ယူသုံးနေတုန်းကရော ခင်ဗျားသားကို မြင်ယောင်ဖူးလို့လား"
"ကျွန်တော် ပြန်ဆပ်မှာပါ အချိန်တစ်လပဲထပ်ပြီးပေးပါ"
"ခင်ဗျားကို အချိန်တွေအများကြီးပေးခဲ့ပြီးပြီ တစ်ပတ်စဉ်းစားဖို့ အချိန်ပေးမယ် ခင်ဗျားသားကိုသာ ကျုပ်ဆီပေးမယ်ဆို အကြွေးတွေလျှော်ပေးမယ့်အပြင် တင်တောင်းငွေအနေနဲ့ ကျုပ်လက်အောက်က companyတစ်ခုပေးမယ်"
ထိုသို့တည်ငြိမ်မှုအပြည့်နဲ့ ယောင်္ကျားသားဟာဖြင့် အသက်34နှစ်အရွယ် J groupရဲ့ CEO Jeon Wonwooဆိုသူပင်။ သူ့ရဲ့ တောင်းဆိုမှုမမြည်တဲ့ တောင်းဆိုမှုအပြီးမှာ ထိုအခန်းထဲကထွက်လာခဲ့ပြီး ကားရှိရာသို့..
အခန်းထဲမှာ မလှုပ်မရှားကြက်သေ-သေကျန်နေခဲ့သူ Kimဦးလေးကြီးကတော့ J groupလက်အောက်က companyလေးတစ်ခုမှာ ရှယ်ယာဝင်ထားသူဖြစ်ပြီး လောင်းကစားကို အထူးနှစ်သက်ခဲ့လို့ companyရဲ့ လစဉ်ဝင်ငွေရဲ့ 75%လောက်ကို ယူသုံးနေမိပြီး ဒေဝါလီခံတော့မယ် အခြေအနေထိဖြစ်လာခဲ့ရတယ်။ အခြားပါဝင်တဲ့ ရှယ်ယာရှင်တွေကိုလဲ လျော်ကြေးပေးရမယ့်အပြင် ရှယ်ယာအများဆုံးပိုင်တဲ့ ထိုသွေးအေးလူသားဟာလဲ သားဖြစ်သူကိုတောင်းဆိုလာခဲ့တယ်။ ဘယ်လောက်ပင် ပျက်စီးနေတဲ့လူဖြစ်စေအုံးတော့ မိသားစုကိုတော့ အမှန်တကယ် ချစ်တာကြောင့် သားကိုတော့ ထိုလူ့ထံမပေးနိုင်။ သို့သော်လဲ ထိုလူရဲ့ ကမ်းလှမ်းမှု..သိပ်ကိုမက်မောစရာကမ်းလှမ်းမှု မဟုတ်ပေဘူးလား။
.
.
.
.
.
.
.
