"ကားက ရည်ရွယ်ချက်ရှိရှိ တိုက်တာပဲ ထွက်ပြေးသွားပေမယ့် ကျွန်တော် ကားနံပါတ်ကို သေချာယူထားလိုက်ပါတယ်"

ထိုလူရဲ့ ဝန်ထမ်းလို့ထင်ရတဲ့လူတစ်ယောက် ရောက်လာပြီး အကြောင်းအရာကို ရှင်းပြနေတယ်။ နောက်တော့ ကိုယ့်ဘက်လှည့်လာပြီး..

"ဒီက Mingyu shiiကိုလဲ ကျေးဇူးတင်ပါတယ် ကျွန်တော့်အစား Bossကို ကယ်ထားပေးလို့"

"ခင်ဗျာ ! ကျွန်တော့်ကို သိတာလား?"

'နာမည်ကိုသိနေတာလား'

'အရင်က မြင်ဖူးတဲ့လူများလား'

မေးခွန်းပေါင်းများစွာနဲ့ အဖြေကို စောင့်ဆိုင်းနေတုန်း

"ကိုကို့!"

Jihye ရောက်လာတာကြောင့် ထိုလူနဲ့ သူ့ရဲ့နောက်လိုက်လဲ ဒီတိုင်းပျောက်သွားတယ်။ စိတ်ထဲမှာတော့ သိလိုစိတ်တွေ question markတွေများစွာဖြင့်။

Restaurantအပေါ်ထပ်ဆီ ပြန်တက်လာရင်း ရင်းနှီးတဲ့ မျက်နှာကိုတွေ့လိုက်ရတယ်။ ဖေဖေ? ဖေဖေကဒီကို ဧည့်သည်လာတွေ့တာများလား..

" ဖေဖေ့! "

"အာ Mingyu သားဒီကို ဘယ်လိုလုပ် ဟော ‌သမီး jihye လဲပါတာပဲ dateလားနော်"

"ဟီး ဟုတ်တယ် ဖေဖေရဲ့ ကိုကိုနဲ့anni date လေ ဒါနဲ့ ဖေဖေကရော ဧည့်သည်လာတွေ့တာလား"

"ဟုတ်တယ် သမီး အဖေ အရေးကြီးပုဂ္ဂိုလ်နဲ့ စကားပြောဖို့ ရောက်နေတာ ကဲ မင်းတို့လဲ အေးဆေးပျော်ကြအုံးလေ"

"ဟုတ်ကဲ့ ဖေဖေ"

"ဟုတ်ကဲ့ရှင့် ဖေဖေ"

ဖခင်ဖြစ်သူနဲ့ အဆင်ပြေအောင် နေပေးတဲ့ ချစ်သူဖြစ်သူကို အချစ်တွေပိုတိုးရတယ်။ အရာရာမှာ Mingyuအနေမခက်စေရအောင် သူမ လိုက်ချောညီထွေနေပေးရှာတယ်။

"ကျန်း ဖေဖေက ကိုကို့ထက်တောင် သူ့ချွေးမလောင်းလေးကို ပိုချစ်နေပြီထင်တယ်"

"ဒါပေါ့ Jihye က လိမ္မာတာကို ကိုကို့ကိုချစ်လို့ အများကြီးလိမ္မာနေတာ"

"ဟားး သိပါတယ်ဗျာ ကိုကို့ချစ်သူ အလိမ္မာတုံးလေးပါ"

" ㅋㅋㅋ"

그 사람이 내 사람  (That's My Man)Donde viven las historias. Descúbrelo ahora