"ဖုန်းက တွေ့ပြီကွ ကိုကိုလူတစ်ယောက်ကြောင့် ကြာသွားတာ ခုပြန်သွားကြမယ်လေလာ"
"ဟွန်းး ဟင်းတွေတောင် အေးတော့မယ် လာမခေါ်မိရင် တက်လာအုံးမှာ မဟုတ်ဘူး"
" ဟားးကိုကို့အမှားပါကွာ ဟုတ်ပြီလား အဲ့နှုတ်ခမ်းကို မဆူထားနဲ့ ကိုကိုအသဲယားလာပြီနော်"
ကြည်နူးနေကြတဲ့ နှစ်ယောက်ကို ကားထဲမှ ထိုင်ကြည့်နေတဲ့ Wonwooတစ်ယောက် ရင်ထဲမှာတော့ ပိုပြီးပြင်းပြလာတဲ့ ရယူလိုမှုတွေ။
°°°°°°°
ဒီနေ့ jihyeနဲ့ ချစ်သူသက်တန်း 2နှစ်ပြည့် anniversaryဖြစ်တာမလို့ dinner dateလေးစီစဉ်ထားတယ်။ အားလုံး အဆင့်သင့်ဖြစ်ခါမှ ဓာတ်ပုံရိုက်ဖို့ ဖုန်းရှာတော့မတွေ့။ ကားထဲကျန်ခဲ့မှန်း အမှတ်ရသွားတာမို့ ဖုန်းယူရန် ကားပါကင်ကို ထွက်လာခဲ့တယ်။
သေချာပေါက် ကျန်ခဲ့တဲ့ဖုန်းကို ယူပြီးလို့ အပေါ်ကိုတက်ရန်အပြန် ကားတစ်စီးလုံးလာနေတာကို အူကြောင်ကြောင်နဲ့ရပ်နေတဲ့ လူတစ်ယောက်ကိုတွေ့လို့ ဆွဲခေါ်လိုက်တော့ ပါလာတာများ ငှက်မွှေးလေးလို ပေါ့ပါးလို့။
"ဒီမှာ ကားတစ်စီးလုံးလာနေတာကို မမြင်ဘူးလား ခင်ဗျားသေချင်နေတာလား"
စကားပြောနေတာကို ရင်ခွင်ထဲကနေ အူကြောင်ကြောင်ပြန်မော့ကြည့်လာတဲ့ ထိုလူ။ ဘာတွေ အဲ့လောက်ကြည့်နေတာလဲမသိပေမဲ့ မျက်မှန်အောက်က မျက်လုံးတွေကတော့ တော်တော်လေးလှတာ ဝန်ခံတယ်။
"ဟိတ် ပြောနေတာကို ကြားရလား ဘာတွေအူကြောင်ကြားကြည့်နေတာလဲ"
"ဟမ် အ-အာ ဆောရီး ကိုယ်ရုတ်တရက်မလို့"
ထိုအခါမှ ခန္ဓာကိုယ်ကို မတ်တပ်အနေအထား ပြန်ပြင်လိုက်ပြီး တောင်းပန်လာတဲ့ ထိုလူ။ ဆွဲခေါ်လိုက်တုန်းက ပါလာမှန်းတောင် မသိသာတဲ့အလေးချိန်နဲ့ မြင်လိုက်ရတဲ့ ခန္ဓာကိုယ်သေးသေးလေးနဲ့ လိုက်လဲလိုက်ပါပေတယ်။ ပုံစံကတော့ လူချမ်းသာပုံပဲ အသက်ကတော့ ငယ်လောက်လား ဒါမှမဟုတ်ရွယ်တူပဲလား?
"Bossအဆင်ပြေရဲ့လား "
" ကိုယ် အဆင်ပြေပါတယ် Mr.lee"
