"Mr.Lee ဒီကနေပြန်ရင် အိမ်ကိုပဲတန်းပို့ပေးပါ အိမ်မှာdoliကို အစာထည့်ပေးဖို့ မေ့နေခဲ့တယ်"
"ဟုတ်ကဲ့ပါ Boss"
"Boss သတိထား!"
ကားပါကင်မှာ ကားဆီလျှောက်လာတုန်း ဒုန်းဆိုင်းဝင်လာတဲ့ ပြိုင်ကားအဖြူလေး တစ်စီးက Wonwooဆီ တည့်တည့်လာနေတယ်။ အရှိန်က မနည်းတာမလို့ Mr.Leeအသိပေးလိုက်ပေမဲ့ ရုတ်တရက်အခြေအနေမှာ ရပ်နေမိရုံကလွဲပြီး ဘာမှမလုပ်နိုင်ခဲ့။ အနားရောက်လာတော့မယ့် ကားကြောင့် မျက်လုံးကို မှိတ်ထားမိလိုက်ပြီး... ကားဟာသူ့ကိုတိုက်သွားပြီလား? သူသေသွားပြီလား?
မျက်လုံးများပြန်ဖွင့်လိုက်ချိန်မှာတော့ သူဟာ လူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ...
"ဒီမှာ ကားတစ်စီးလုံးလာနေတာကို မမြင်ဘူးလား ခင်ဗျားသေချင်နေတာလား"
' ဟင် Mingyu '
သူရောက်နေတဲ့ ရင်ခွင်ပိုင်ရှင်ဟာ အနှစ်နှစ် အလလ ချစ်မိနေခဲ့လို့ ခုလေးတင် ဖခင်ဖြစ်သူထံ တောင်းဆိုထားတဲ့ ဖြစ်တည်မှုလေး။ ချောလိုက်တာ ဒီလို အနီးကပ်ကြည့်လိုက်တော့လဲ။
"ဟိတ် ပြောနေတာကို ကြားရလား ဘာတွေအူကြောင်ကြားကြည့်နေတာလဲ"
"ဟမ် အ-အာ ဆောရီး ကိုယ်ရုတ်တရက်မလို့"
"Bossအဆင်ပြေရဲ့လား "
" ကိုယ် အဆင်ပြေပါတယ် Mr.lee"
"ကားက ရည်ရွယ်ချက်ရှိရှိ တိုက်တာပဲ ထွက်ပြေးသွားပေမယ့် ကျွန်တော် ကားနံပါတ်ကို သေချာယူထားလိုက်ပါတယ်"
"ဒီက Mingyu shiiကိုလဲ ကျေးဇူးတင်ပါတယ် ကျွန်တော့်အစား Bossကို ကယ်ထားပေးလို့"
"ခင်ဗျာ ! ကျွန်တော့်ကို သိတာလား?"
"အဲ့တာက.."
Bossသဘောကျနေလို့ အထက်တန်းကျောင်းသားဘဝထဲက လိုက်စုံစမ်းလာရတဲ့ ကလေးလေ မသိစရာတဲ့လား။ ထိုအချိန် မိန်းကလေးတစ်ယောက်ရဲ့ ခေါ်သံကြောင့် အကျပ်ရိုက်နေရာမှ လွတ်မြောက်ခဲ့ပြီး Bossကို ခေါ်ကာ ထိုနေရာမှ ထွက်လာခဲ့လိုက်တယ်။
"ကိုကို!"
" Jihye ဘာဖြစ်လို့ ဆင်းလာတာလဲ"
"ကိုကို ဖုန်းရှာမယ်ဆိုပြီး ကြာနေလို့လေ မတွေ့လို့များလားလို့ လိုက်လာတာ"
