ချစ်မြဲတိုင်း ချစ်
Final Part
လွမ်းနဲ့ King တစ်ပါတ်လောက် ရုံးမတက်ဖြစ်လိုက်ပါ။ လွမ်းဆေးရုံတက်ရတာနှင့်ပါဆိုလျှင် နှစ်ပါတ်နီးပါး အလုပ်မသွားဖြစ်ကြပေ။ ဒီနေ့တော့ ရုံးပြန်တက်ကြပြီဖြစ်သည်။ သမီးကို ကျောင်းပြောင်းဖို့ King က အကုန်စီစဉ်ထားပြီး ကျောင်း အသစ် မတက်ခင် လွမ်းတို့ အလုပ်သွားချိန်တွေမှာ ဖွားဖွားအိမ်မှာ သွားထားထားရ၏။
မေမေခိုင့်ကို လွမ်းတို့နှင့် အတူလာနေဖို့ ခေါ်ထား၍ King ဒယ်ဒီကို King ကိုယ်တိုင် သွားတွေ့ခဲ့ပြီးပြီမလို့ လွမ်းတို့အတွက် ပြဿနာ မရှိလောက်တော့ပေ။
"ပြွတ်စ်... အဟွန်း..."
King က ကားမောင်းရင်း လွမ်းလက်တစ်ဖက်ကို ကိုင်ကာ နှုတ်ခမ်းဖြင့် ဖိကပ်နမ်းလိုက် ပြုံးလိုက် လုပ်နေတော့သည်။
"King နော်...... ပြုံးပဲ ပြုံးနေတာပဲ....."
"အဟွန်း.... ကိုယ့်နားမှာ လွမ်းရှိရင် အပြုံးတွေ အလိုလို ပေါ်လာတာတော့ မတတ်နိုက်ဘူးလေကွာ....."
"စကားတွေ သိပ်တတ်....."
"ကိုယ်တစ်နှစ်သားတည်းက စကားပြောတတ်တာလို့ လွမ်းကို ပြောပြီးသားပဲ...."
"အဟင်း...."
လွမ်းနဲ့ King ရဲ့ မျက်နှာပေါ် အခုမှသာ အပြုံးတွေဝေနိုင်ခဲ့တာပင်။ King ကိုသာ ပြောနေပေမယ့် လွမ်းကိုယ်တိုင်လည်း ခဏခဏ ပြုံးနေမိတော့တာပါ။
"ဒီနေ့ အလုပ်ထဲကသူတွေကို နေ့လယ်စာကျွေးရင်း လွမ်းက ကိုယ့်အပိုင်ဆိုတာကို ကြွားရမယ်...."
"King ကလည်း ရှက်စရာကြီး...."
တခြားသူတွေကို မသိစေချင်တာ မဟုတ်ပေမယ့် တကူးတကကြီး လိုက်ပြောပြရမှာတော့ တမျိုးဖြစ်နေ၏။ လွမ်းပြောပြီးမှ King ကို ကြည့်လိုက်တော့ မျက်နှာက ချက်ချင်း တည်သွားကာ၊ ရှေ့ကိုသာ ကြည့်ပြီး ကားမောင်းခြင်းကိုသာ အာရုံစို-က်သွားတာကြောင့် ကားပေါ် တိ-တ်ဆိ-တ်သွားသဖြင့် လွမ်း ဘာများမှားသွားလဲ အသည်းအသန် စဉ်းစားရတော့သည်။
"King....လွမ်း ကို စိတ်ဆိုးသွားတာလားဟင်....."
"မဟုတ်ဘူး....."
YOU ARE READING
ချစ်မြဲတိုင်း ချစ် (Completed)
Romanceနည်းပညာ တက္ကသိုလ်မှာဆုံပြီး ချစ်သူတွေဖြစ်ကြပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲဖြစ်ခဲ့ပြီး လုပ်ငန်းခွင်တစ်ခုတည်းမှာ ပြန်ဆုံကြသည့်အခါ သူတို့နှစ်ယောက်ရဲ့ အချစ်တွေက အရင်တိုင်း ရှင်သန်နေဦးမလား။
