ချစ်မြဲတိုင်း ချစ်
Part-33
လွမ်းတို့ မိသားစု မေမေခိုင်နဲ့ ညစာ တူတူစားကြပြီး မေမေခိုင့်အိမ်မှာသာ အိပ်ဖို့ ဖြစ်လာကြသည်။ မေမေခိုင့် မျက်နှာက ပြုံးနေပြီး ပျော်နေတယ်ဆိုတာ အရမ်းသိသာနေ၏။ King. ကလည်း စကားနှင့် မဖော်ပြပေမယ့် ပျော်နေတယ်ဆိုတာ သိသာသည်။ ယောက်ျားလေး ဖြစ်လို့ပဲလား.... နှစ်တွေ အများကြီး ဝေးကွာနေလို့လားတော့မသိ သိပ်မဖော်ပြသော်လည်း King ရဲ့ မျက်ဝန်းတွေကပါ ပြုံးနေတော့သည်။
"မေမေ.... မီး... ဖွားဖွားနဲ့ အိပ်မယ်နော်...."
"ဘာလို့လဲ.... မေမေတို့နဲ့ အိပ်ပါ... အခုကျ မေမေ့ကို အရမ်း ပလစ်နေတယ်နော်... လွမ်းငယ်...."
သမီးက သူ့ဖွားအေနဲ့ အိပ်ချင်နေပြန်သည်။ အရင်ကကျ မအေနား တကပ်ကပ်လုပ်နေပြီး လွမ်းဆေးရုံကဆင်းတည်းကကို လွမ်းနားမကပ်တာကြောင့် နည်းနည်းတော့ စိတ်မကောင်းပါ။
"အရင်ကကျ မေမေနဲ့မီးပဲရှိလို့ မီးက မေမေ့ကို ဂရုစိုက်ပေးတာလေ.... ခုကျ ဖေဖေက မေမေ့အနားရှိတော့ မီးကစိတ်ချတယ်လေ....."
လူကြီးတစ်ယောက်လို လက်ကလေးပိုက်ကာ ပြောနေပုံက အရမ်းချစ်စရာ ကောင်းနေတာကြောင့် King က သူ့သမီးကို အသည်းယားပြီး ပွေ့ချီကာ တရွှတ်ရွှတ် နမ်းနေတော့သည်။
"ရွှတ်.... ရွှတ်.... ရွှတ်..... ဖေဖေကရော.... ဖေဖေလည်း သမီးနား ကပ်ချင်တယ်လေ....."
"မီးကို ဖွားဖွားကြီးနဲ့ ဖိုးလေးကပြောတယ် မောင်လေးတွေ ညီမလေးတွေ လိုချင်ရင် မီးက ဖေဖေနဲ့မေမေကို ကပ်နေလို့ မရဘူးတဲ့.... မီး မောင်လေးလိုချင်တယ် ဖေဖေ....."
မာမီ့ေရှ့မှာမလို့ မာနတောင် သမီးစကားကြောင့် မျက်နှာနည်းနည်း ပူသွားရသည်။ လွမ်းကတော့ အသံတိတ်ကာ ခေါင်းငုံ့သွား၏။ လေးလေးရဲ့ စနက်သာဖြစ်ရမည်။ သူမိန်းမ မရှိတိုင်း မာနကိုချည်း အတင်းကလေးမွေးခိုင်းနေတော့တာပင်။
"ဖွားနဲ့ အိပ်မယ်ဆိုလည်း.... ဖွားတို့ သွားကြမယ်....."
လွမ်းက နားရွက်ဖျားတွေပါရဲကာ ခေါင်းပြန်မမော့လာတော့သဖြင့် မာမီက လူကြီးပီပီ ရှောင်ထွက်ပေးသွားသည်။
YOU ARE READING
ချစ်မြဲတိုင်း ချစ် (Completed)
Romanceနည်းပညာ တက္ကသိုလ်မှာဆုံပြီး ချစ်သူတွေဖြစ်ကြပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲဖြစ်ခဲ့ပြီး လုပ်ငန်းခွင်တစ်ခုတည်းမှာ ပြန်ဆုံကြသည့်အခါ သူတို့နှစ်ယောက်ရဲ့ အချစ်တွေက အရင်တိုင်း ရှင်သန်နေဦးမလား။
