Part -30 (Unicode)🚨🚨🚨

50.4K 571 17
                                        

ချစ်မြဲတိုင်း ချစ်

Part -30

King ရဲ့ စီစဉ်မှုဖြင့် လွမ်းဆေးရုံက ဆင်းဆင်းချင်း ဖွားဖွားနဲ့ လေးလေးရယ်.. မေမီနဲ့ ဖြိုးကိုရယ်က သက်သေလုပ်ပေးကာ မင်္ဂလာ လက်မှတ် ရေးထိုးဖြစ်ကြသည်။ နေ့လယ်စာကို King က ဟိုတယ်တစ်ခုကနေ မှာကာ အိမ်မှာပဲ စားဖို့ စီစဉ်ပေး၏။

"ဖွားဖွားနဲ့ လေးလေးကို လွမ်းမှားခဲ့တာတွေအတွက် ကန်တော့ပြီး တောင်းပန်ပါတယ်....."

ဖွားဖွားနဲ့ လေးလေးကို မိသားစု သုံးယောက် တူတူ ကန်တော့ ဖြစ်ကြသည်။

"မြေးပြောပြလို့ ဖွားဖွားတို့ သိပြီးပါပြီကွယ်.... ဖွားဖွားရဲ့ သားအကြီး... မြေးဒယ်ဒီရဲ့ လုပ်ရပ်အတွက် ဒီအဖွားကြီးကပဲ မျက်နှာပူပူနဲ့ တောင်းပန်ပါတယ်....."

King ဒယ်ဒီကြောင့် လွမ်းတို့ မိသားစုလေး ကွဲကွာခဲ့ရတယ်ဆိုပြီး ဖွားဖွားက လွမ်းကို အားနာနေသည်။ လွမ်းကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ပါ။ လွမ်းကိုယ်တိုင် ပျော့ညံ့ခဲ့တာကိုသာ အပြစ်တင်မိသည်။ လွမ်းကြောင့် King ရော သမီးလေးပါ ခံစားခဲ့ရတာ ဖြစ်သည်။

"တောင်းပန်စရာ မလိုပါဘူး.... ဖွားဖွားရယ်.... လွမ်းနဲ့ King ကို အခုလို သဘောတူ ကြည်ဖြူပေးတာနဲ့တင် လွမ်းက ကျေးဇူးတင်နေပါပြီ....."

သမီးကတော့ လွမ်းဆေးရုံတက်ကတည်းက ဖွားဖွားတို့ဆီ ညဘက် သွားအိပ်နေကျမလို့ ရင်းနှီးနေကာ ဖွားဖွားနဲ့ လေးလေးကြား ထိုင်၍ ကပ်နေတော့သည်။

"မေတ္တာစေရာရဲ့ အလှူရှင်အတွက် စိတ်မပူနဲ့ အကိုလည်း အဲ့လောက်ထိတော့မလုပ်ပါဘူး.... တကယ်လို့ အကို လှူနေတာတွေ ရပ်လိုက်လည်း လေးလေးက ပင်မ အလှူရှင်အဖြစ် ဆက်လှူပေးမယ်....."

လေးလေးစကားကြောင့် လွမ်း အားတက်သွားရတော့သည်။ လွမ်း မိသားစုကိုသာ ကြည့်ပြီး King လက်ကို ဆွဲကိုင်ခဲ့ပေမယ့် ဂေဟာအတွက်တော့ စိုးရိမ်နေတာဖြစ်သည်။ အခုလို လေးလေးက ဆက်လက် ထော-က်ပံ့ပေးမယ်ဆိုမှ စိတ်အေးသွားရသည်။

"ကျေးဇူးပါ.... လေးလေးရယ်....."

"ကျေးဇူးတင်ရင် ညည်းတို့လင်မယား ကလေးနောက်တစ်ယောက် မွေးတော့ လွမ်းငယ်ကို တို့သားမိ အပိုင်ခေါ်သွားတော့မယ်....."

ချစ်မြဲတိုင်း ချစ် (Completed)Where stories live. Discover now