ချစ်မြဲတိုင်း ချစ်
Part -24
"ပုံရိပ်..... မနက်စာမစားရသေးဘူးမလား.... အကို ကန်တင်းဘက်ရောက်လို့ ဆီချက် အလွတ် ဝယ်လာတယ်....."
"ကျေးဇူးပါ အကို.... လွမ်း ဒီနေ့ အိပ်ရာထ နောက်ကျနေတာနဲ့.... သမီးကိုတောင် ကားပေါ်မှာပဲ ကျွေးခဲ့ရတယ်...."
"အင်း.... စားလိုက်ဦး....."
"ဟုတ်....."
မာန ကြားနေရသည့် စကားတွေကြောင့် သိပ်ကြည့်မရတော့ပေ။ လွမ်းကလည်း တစ်နေ့ထက် တစ်နေ့ ပိုလှလှလာတယ် ထင်ရ၏။ တစ်ရက်တစ်ရက် လွမ်းကို ဟိုလူက မုန့်လာကျွေးလိုက် ဒီလူက မုန့်လာကျွေးလိုက်နှင့်။ အခုလည်း လွမ်း မုန့်မစားရသေးတာကို ကိုသက်အောင်က ဘယ်လိုက ဘယ်လို သိသွားသည်မသိ မုန့်လာကျွေးသွားပြန်သည်။
သမီးကိုတော့ မာနက မှာထားလို့ သမီးက တခြား ဘယ်သူ ကျွေးကျွေး မစားတော့ပေ။ သမီးနဲ့သာ ပိုရင်းနှီးလာပေမယ့် လွမ်းကိုတော့ စကား သေချာ ထပ်မပြောဖြစ်ပါ။ လွမ်းနဲ့ အရင်လို အတူတူ ပြန်နေနိုင်ဖို့ မာနရဲ့ ၇မိုင် ဗီလာက အိမ်ကို အတွင်းပိုင်းတွေ သေချာ ပြန်ပြင်ရင်း မာနတို့အတွက် အခန်းနှင့် သမီးအတွက် အခန်းကို အတွင်းပိုင်း သေချာ ပြန်လုပ်နေပြီဖြစ်သည်။
မာနနဲ့ သမီးက တစ်ဖက် လွမ်းက တစ်ဖက် ဖြစ်နေသည်။ သူကလည်း အမှားလုပ်ခဲ့သေး မာနကို ပြန်မတောင်းပန်သည့်အပြင် သူစိမ်းဆန်ပြသေးသည်။ ဒီကြားထဲ မာနမှာ ဟိုလူနဲ့ သဝန်တိုရ ဒီလူနဲ့ သဝန်တိုရနှင့် ကြာလျှင် လူလည်း အသက်တိုတော့မည်။
"ပုံရိပ်.... Site ထဲ တချက်သွားကြည့်မလို့.... နင် ဟိုနေ့က ပြောတဲ့နေရာ ပြန်ပြင်ထားတယ်.... တခါတည်း လိုက်ကြည့်ပါလား......"
"အင်း.... လိုက်ခဲ့မယ်....."
"ကိုကို....."
ဝတီခေါ်လို့ Site ထဲ လိုက်သွားဖို့ လိုတဲ့ စာရွက် စာတမ်း ယူနေစဉ် ကောင်မလေးတစ်ယောက်က အခန်းထဲ ဝင်လာရင်း ကိုကိုခေါ်တာကြောင့် လှည့်ကြည့်လိုက်မိသည်။ ထိုကောင်မလေးက King စားပွဲကို သွားကာ King ထိုင်နေသည့်ဘေး သွားရပ်ပြီး လက်ကို ဆွဲနေသည်။
YOU ARE READING
ချစ်မြဲတိုင်း ချစ် (Completed)
Romanceနည်းပညာ တက္ကသိုလ်မှာဆုံပြီး ချစ်သူတွေဖြစ်ကြပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲဖြစ်ခဲ့ပြီး လုပ်ငန်းခွင်တစ်ခုတည်းမှာ ပြန်ဆုံကြသည့်အခါ သူတို့နှစ်ယောက်ရဲ့ အချစ်တွေက အရင်တိုင်း ရှင်သန်နေဦးမလား။
