ချစ်မြဲတိုင်း ချစ်
Part -13
"King..... ဖြိုးကို ကို ပြန်လွှတ်လိုက်လေ.... ခဏနေ မေမီရောက်လာတော့မှာကို....."
ဖြိုးကိုက နေ့လယ်စာ စားပြီးချိန်တည်းက ကွန်ဒိုကို ရောက်နေကာ ဂိမ်းထိုင်ဆော့နေသည်။ လွမ်းကို မန်နေဂျာအမက စာရင်းလေး ကူစစ်ပေးဖို့ ပို့ပေးထားတာကြောင့် လွမ်း အလုပ်လုပ်နေတော့ King ကလည်း ပုံထိုင်ဆွဲနေပြီး ဖြိုးကို ရှိတာကြောင့် နှစ်ယောက်သား ပူးပူးကပ်ကပ် မနေဖြစ်ပါ။ King က သံပုရာရည် သောက်ချင်တယ်ဆိုလို့ လွမ်း ထဖျော်ပေးတော့ Kingက နောက်ကနေ မီးဖိုခန်းထဲ လိုက်လာသည်။
"မေမီ့ကို ဖုန်းခေါ်မရလို့ ဖြိုးကိုက ဒီမှာ လာစောင့်နေတာ....."
"ဟင်..... သူက မေမီလာမှာ ဘယ်လိုသိလဲ....."
"ကိုယ် စာပို့လိုက်တာ..... မဟုတ်ရင် နှစ်ယောက်သား လမ်းလွဲနေလို့....."
King က သံပုရာရည်ဖျော်နေသော လွမ်းကို နောက်က လာဖက်ကာ တရွှတ်... ရွှတ်နမ်းနေ၏။
"King .... ဖြိုးကို ရှိတယ်လေ....."
"သူက အရှေ့မှာ အနောက်ထဲ ဝင်မလာဘူး.... ကိုယ်နမ်းဦးမယ်ကွာ.... လွမ်းကလဲ..... ပြွတ်စ်.... ပြွတ်စ်....."
King က လွမ်းကို သူနဲ့ မျက်နှာချင်းဆိုင်လှည့်ကာ မီးဖိုခုံပေါ်တင်ပြီး နှုတ်ခမ်းတွေကို နမ်းလာတော့၏။ King နဲ့ နမ်းရတာ လွမ်း အရမ်း သဘောကျသည်။ နမ်းနေရင်းနှင့် King ရဲ့ ချစ်ခြင်းကို ခံစားနိုင်သည်။ လွမ်းလည်း King ရဲ့ လည်တိုင်ကို သိုင်းဖက်ကာ အနမ်းတွေ တုံ့ပြန်မိတော့ King က နမ်းနေရင်း ပြုံးသွားကာ နူးညံ့သော အနမ်းတွေ ဆက်လက်ပုံဖော်နေတာ နှစ်ယောက်လုံး မမောမချင်းပင်။
"အခုမှပဲ အားပြည့်သွားတော့တယ်..... ရွှတ်.... ရွှတ်....."
ဘယ်လောက်နမ်းနမ်း မဝသော လွမ်းရဲ့ ပါးလေးနှစ်ဖက်ကို မြတ်နိုးမဝစွာ မွှေးကြူရင်း အနမ်းတွေ အဆုံးသ-တ်လိုက်သည်။
"King နော်.... မနမ်းတာမှ ဘယ်နှနာရီ ရှိသေးလို့လဲ....."
"ကိုယ်က အချိန်တိုင်း နမ်းချင်တာ.....
လွမ်း အလုပ်မပြီးသေးဘူးလား....."
"ပြီးပြီ.... ခုဏကပဲ စာရင်း ပြန်ပို့ပေးလိုက်ပြီ... မေမီလည်း လာတော့မှာဆိုတော့ လွမ်း ရေချိုးလိုက်ဦးမယ်....."
YOU ARE READING
ချစ်မြဲတိုင်း ချစ် (Completed)
Romanceနည်းပညာ တက္ကသိုလ်မှာဆုံပြီး ချစ်သူတွေဖြစ်ကြပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲဖြစ်ခဲ့ပြီး လုပ်ငန်းခွင်တစ်ခုတည်းမှာ ပြန်ဆုံကြသည့်အခါ သူတို့နှစ်ယောက်ရဲ့ အချစ်တွေက အရင်တိုင်း ရှင်သန်နေဦးမလား။
