Part -9 (Unicode) 💡💡

45K 464 15
                                        

ချစ်မြဲတိုင်း ချစ်

Part -9

"ဒီနေ့  ကိုယ် လွမ်းကို Auto CAD စသင်ပေးမယ်နော်....."

ညဘက် ထမင်းစားပြီးချိန်တိုင်း မာန လွမ်းကို Computer သင်ပေးခဲ့တာ တစ်ပါတ်ရှိပြီဖြစ်သည်။ ဉာဏ်ကောင်းသည့် လွမ်းက Typing ရို-က်တာ သုံးရက်နှင့် ကျွမ်းကျင်သွားတာကြောင့် Excel ရော Word ပါ လေ့ကျင့်ပေးဖြစ်ခဲ့သည်။ Excel သင်ပေးတာက အခုလက်ရှိ လွမ်းအလုပ်မှာ လိုအပ်တာမို့ အရင်သင်ပေးလိုက်ခြင်းသာ။

လွမ်းက ဉာဏ်ကောင်းပြီး ဝီရိယရှိသူမို့ သင်လွယ်တတ်လွယ်၏။ ဒီနေ့တော့ လွမ်းကို Auto CAD စသင်ပေးဖို့ တွေးထားသည်။ ဒုတိယနှစ် ပြီးလျှင် လွမ်းတို့ မေဂျာက Tracing ထပ်တာတွေ ပါလာပြီမို့ Auto CAD က လိုလာတော့မှာပင်။

"တကယ်လား....... လွမ်း သင်ချင်နေတာ ကြာပြီ.... လွမ်း ကောင်လေးက အလိုက်သိလိုက်တာ... ဟီး...."

"ရွှတ်... ကိုယ်လည်း ကိုယ့်ကောင်မလေး ချွဲတာနဲ့....  တော်တော်လေးကို အရည်ပျော်နေပြီ..... ....  ကိုယ်တတ်ထားသမျှလွမ်းကို ကိုယ်အကုန်သင်ပေးမယ်.... Graphics ရော Photoshop ပါ Auto CAD သင်ရင်း တွဲသင်ပေးမယ်.... "

"ဟီး.... ဟုတ်....."

"သင်တန်းကြေးတော့ မေ့လို့ မရဘူးနော်.... သင်တန်းသူ....."

"King နော်.... ဒီတိုင်းကျ မနမ်းတာ ကျနေတာပဲ.... ဟွန့်....."

"ဒီတိုင်းနမ်းတာက ကိုယ့်ချစ်သူကို ချစ်လို့.... ခုက သင်တန်းကြေးတောင်းတာ မတူဘူးလေကွာ..... အခုလည်း မသင်ခင် အရင် နမ်းဦးမယ်.... လာခဲ့...."

"ခစ်.... ခစ်....."

King က လွမ်းကို သူ့ပေါင်ပေါ်တင်ကာ မျက်နှာ အနှံ့ လိုက်နမ်းနေပြီး လည်တိုင်တွေကိုပါ လိုက်နမ်းနေသဖြင့် အသည်းယားကာ ရယ်မိတော့သည်။

"ရွှတ်.... လွမ်း ကိုယ့်ဆီကို ရောက်လာတော့မှ ကိုယ့်ဘဝလေး ပြည့်စုံသလို ခံစားခဲ့ရတာ.... အခုလို လွမ်းနဲ့ ချစ်သူတွေ ဖြစ်တော့ ကိုယ့်ဘဝ ပိုပြည့်စုံသွားရော....."

"လွမ်းဘဝကလည်း.... King ကြောင့် ပျော်စရာတွေ ရောက်လာတာပါ.... လွမ်းလေ.... King ကို အရမ်းချစ်တာပဲ သိလား.... ပြီးတော့ ဘယ်သူ့အပေါ်မှ မမှီခိုချင်ပေမယ့် King ကိုတော့ အားကိုးချင်စိတ် ဖြစ်မိတယ်....."

ချစ်မြဲတိုင်း ချစ် (Completed)Where stories live. Discover now