"JiêJiêဘာဖြစ်လို့လည်း"
မေးတော့ Xinyuကမျက်လုံးဖြင့် တစ်ဖက်သူကြည့်နေတဲ့ Sunghoon ဘက် ကိုပြတော့ Xing Meiလည်း
"မြင်တယ်လေ။အစ်မဘယ်သူဟုတ်လို့လည်း။"
"JiêJiêလေ သူကို မြင်ဖူးသလိုပဲ။"
Xing Mei လည်းကြည့်ပြီး သူမ၏မသိတဲ့ပုံစံဖြင့်ကြည့်တော့ထားလိုက်ပါဆိုတဲ့အကြည့်နှင့်ကြည့်ပြီး Xing Mei , Riki နှင့် အတူ သူတို့တူတူ ကန်တင်းသွားလေပေသည်။
ကန်တင်းရောက်တော့ Rikiတို့ သုံးဦးသား ခုံအလွတ်၏ ခုံသုံးခုံမှာနေရာယူလိုက်သည်။
ကန်တင်းကတော့နေလည်စာ စားချိန်ဟုတ်လို့ ကျောင်းသားများစွာဖြင့်ရှုပ်ယှက်ခတ်လေသည်။
Xing Mei တို့သုံးဦးကတော့ အလယ်၏အတန်းက ဘေးခုံတစ်ခုံမှာသာနေရာရသည်။ပြတင်းပေါက်နှင့်ကနီးပေသည်။
Minju တို့လည်းရောက်လာကာ Minju က Xing Mei တို့သုံးဦးထဲက Xinyu နှင့် Xing Mei ကိုမြင်တော့ Sunghoon တို့နှစ်ယောက်အား ဟိုဘ်မှာထိုင်ဖို့ ပြောပြီး အဲ့ဆီကိုပြေးသွားလေသည်။Rikiကိုမြင်တဲ့ Jakeကကျေနပ်နေတာမဟုတ်ပေ။သူလည်း Rikiရှိတဲ့နေရာမထိုင်ချင်ပေ။
မနက်က ကျောင်းသားကဒ်ယူပြီးခဲ့တာနှင့် ထွက်သွားတော့ စင်္ကြံမှာ သူတို့နှင့်တိုက်မိခဲ့ကာRiki လည်းရုတ်တရက်ဆိုတော့ Jake မလဲကျအောင်လက်ဖြင့်ဆွဲလိုက်ပေမဲ့လည်း သူလဲကျခဲ့လေသည်။ လဲကျတော့သူတို့နှစ်ဦးသား မြေပြင်ပေါ်ပက်လက်ကျခဲ့သည်။ Riki ကတော့ Jakeသူပေါ်ကျခဲ့လေသည်။ ကံဆိုးတာက နှစ်ယောက်စလုံးမထင်မှတ်ပဲ ထိုလိုဖြစ်ရာမှနှုတ်ခမ်းချင်းနမ်းမိသလိုလေသည်။
နှစ်ယောက်သားလည်းထိုကိစ္စကြောင့် အခဲ မကျေ၊ အချင်းချင်းကြည့်မရပေ။Sunghoonကတော့ အလယ်ကြားအခုထိညှပ်နေတဲ့ ဝက်အူခြောက်သဖွယ်တည်း။
Jakeကိုမြင်တဲ့ Riki ကလည်းကြည့်မရတော့ မကျေနပ်ကြည့်နှင့်ကြည့်ပြီး side eyes လုပ်သွားလေသည်။
Jake ကတော့ ထိုဂျပန်လေးကိုကြည့်မရပေ။နဂိုထဲက အဆောင်ခန်းမှာမြင်ပြီးကတည်းက ဘယ်ဘဝကရန်ငြိုး ကြောင့်ကြည့်မရသေး အခုလို ကိစ္စဖြစ်ပိုတောင်ဆိုးသွားလေသည်။
YOU ARE READING
O͏U͏R͏ W͏A͏Y͏ B͏A͏C͏K͏ H͏O͏M͏E͏
Romance(Unicode+ Zawgyi) Read as just a fanfiction.In this stroy please see as fictional characters.It is not intended to harm anyone including image too...All characters are just fictional characters and only related to this fanfiction. START -23.7.2024...
Part -(4)
Start from the beginning
