ချစ်မြဲတိုင်း ချစ်
Part -6
လွမ်း 1BE စာမေးပွဲဖြေပြီးတာနှင့် king လေးလေးရဲ့ အလုပ်မှာ site စာရင်းကိုင် ဝင်လုပ်နေတာ တစ်ပါတ်ရှိပြီဖြစ်သည်။ အလုပ်ချိန်က ၉-၅ ဆိုပေမယ့် အိမ်ကို ၆နာရီလောက်မှ ပြန်ရောက်သည်။ king နဲ့ တစ်အိမ်တည်းနေလာတော့မှ king ရဲ့ ထက်မြတ်မှုတွေကို ပိုသိလာရ၏။ king က တော်တော်လေး တော်ကာ အလုပ်လုပ်ရာမှာ စေ့စပ် တိကျသူဖြစ်သည်။ အခု လွမ်းလုပ်နေသော Siteကို Design ဆွဲသည့် သူကလည်း King ပါတဲ့လေ။ ပထမနှစ်ဖြေထားသည့် ကျောင်းသားတစ်ယောက်က ခုလောက်ထိ တော်နေလိမ့်မယ် မထင်ထားခဲ့ပါ။
King ရဲ့ လေးလေးကိုတော့ အလုပ်စဝင်ခါစက တစ်ခါသာ တွေ့ဖူးသည်။ king လိုပဲ လွမ်းလည်း လေးလေးလို့သာ ခေါ်ဖြစ်၏။ king လေးလေးရဲ့ company က နာမည်ကြီး construction လုပ်ငန်းဖြစ်ကာ ရန်ကုန်မြို့မှာတင် site တွေ အများကြီး ရှိသည်။ ဒီလို လုပ်ငန်းကြီးမျိုးမှာ လွမ်း အလုပ်ဝင်ရတာက king ရဲ့ ကျေးဇူးကြောင့်သာ။
ကျောင်းမှာလည်း king ကားနဲ့ တူတူ လာသော လွမ်းကို လူတွေက တီးတိုး ဝေဖန်ကြသည်။ Kingက ကျောင်းမှာ နာမည်ကြီးဖြစ်၍ အားလုံးရဲ့ စိတ်ဝင်စားမှုခံရသူမို့ လွမ်းကပါ အာရုံစိုက်ခံနေရသည်။ လွမ်းအပေါ် ဆက်ဆံသော king ရဲ့ အပြုမူတွေကို ရင်ခုန်မိပေမယ့် မမျှော်လင့်ရဲပါ။ လွမ်းလို သာမန် ရုပ်ရည်ဖြင့် မိဘမဲ့ တစ်ယောက်ကို king က သနားလို့သာ ကူညီပေးထားတယ်ဆိုတာ သိတာကြောင့် king နဲ့ အကွာဝေးတစ်ခုထားကာ လောဘမတက်မိအောင် ထိန်းထားရသည်။
King က လွမ်းမမှီနိုင်သော နေရာတစ်ခုမှ နတ်သားလေးပင်။ မိန်းကေလးတော်တော်များများက king ကို သဘောကျကြသလို လွမ်းလည်း အများကြီး သဘောကျမိပါသည်။လွမ်းအပေါ် king ရဲ့ ဂရုစိုက်ပုံတွေကို ရင်ခုန်နေမိပေမယ့် စိတ်ကူးမယဉ်ရဲပါ။ လွမ်း အဆင့်၊ လွမ်းအခြေအနေကို ကိုယ်ကိုယ်တိုင် သိနားလည်တာမို့ ရင်ခုန်သံအားလုံးကို သေ့ာခ-တ်သိမ်းထားလိုက်တော့သည်။
"အလုပ်မှာ အဆင်ပြေရဲ့လား..... လွမ်း....."
"ပြေတယ်.... King..... Store မန်နေဂျာ မမက အကုန် သင်ပေးပါတယ်...... အားတဲ့ချိန်ကျ site engineer အကိုနဲ့လည်း စကားပြောဖြစ်ရင်း သိချင်တာလေးတွေ မေးလို့ရတော့ ငါနဲ့.... တော်တော် အဆင်ပြေတယ်....."
YOU ARE READING
ချစ်မြဲတိုင်း ချစ် (Completed)
Romanceနည်းပညာ တက္ကသိုလ်မှာဆုံပြီး ချစ်သူတွေဖြစ်ကြပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲဖြစ်ခဲ့ပြီး လုပ်ငန်းခွင်တစ်ခုတည်းမှာ ပြန်ဆုံကြသည့်အခါ သူတို့နှစ်ယောက်ရဲ့ အချစ်တွေက အရင်တိုင်း ရှင်သန်နေဦးမလား။
