Story Description

8.7K 204 3
                                        

Unicode


ပြန်လည်မွေးဖွားလာပြီးနောက် အကြီးဆုံးသမီးအရင်းက လက်ဖက်စိမ်းမပဲ လုပ်တော့တယ်။

လီကျီကျီ ၁၅နှစ်ပြည့်သောအခါ သူမ ဘိုးဘေးများအား အသိအမှတ်ပြဖို့ရန် သူမကို မြို့တော်ဆီပြန်ခေါ်သွားသည်။ လီစံအိမ်၏ သမီးအရင်းတစ်ယောက်အနေနှင့် သူမကို မျက်နှာသာပေးရမှာပေမယ့် အားလုံးက အသိပညာ၊ ဗဟုသုတကြွယ်၀သော လီစုဝမ်အား ပိုသဘောကျကြသည်။

လီကျီကျီမှာ ဝေးလံလှသောရွာတွင် ကြီးပြင်းလာပြီး စာမတတ်ပေမတတ်၊ ထိန်းမနိုင်သိမ်းမနိုင်တဲ့ကောင်မလေးပင်။ သူမနာမည်ကတောင် အထင်သေးစရာကောင်းလှပေ၏။

တစ်နေ့သောအခါတွင်တော့ လီကျီကျီသည် ညဘက်တွင် အိပ်မက်မက်လေသည်။

သူမအရင်ဘ၀က လီစံအိမ်ဆီ ပြန်သွားပြီးနောက် သူမဟာ လျစ်လျူရှုမခံချင်တော့ဘဲ မျက်နှာသာရဖို့ရန်အတွက် လီစု၀မ်နှင့် အပြင်းအထန်ပြိုင်ဆိုင်တာကို အိပ်မက်မက်ခဲ့သည်။

သူမဟာ အရေး၊ အ‌ဖတ်၊ ချက်စ်ကစားခြင်း၊ အလှလက်ရေး၊ နှင့် ပန်းချီအထိ ကောင်းမွန်စွာတတ်မြောက်ဖို့ ကြိုးစားခဲ့ပြီး အနေအထိုင်သိမ်မွေ့စေရန်အတွက်လည်း ကြိုးစားခဲ့လေသည်။ သူမက အရာအားလုံးတွင် လီစုဝမ်ထက် သာလွန်ဖို့ ကြိုးစားခဲ့၏။

သို့သော်ငြားလည်း ထိုနေ့တွင်တော့ အားလုံးက လီစု၀မ်အား နှစ်သိမ့်ပေးနေစဉ် လီကျီကျီကတော့ အထင်အမြင်သေးတာကို ခံနေရတုန်းပဲပင်။

သူမ နိုးထလာသောအခါ၌ လီကျီကျီသည် သူမအဖေကို တွေ့ဖို့ရန် ထသွားလိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ "အဖေ သမီးကို ရွာကိုပဲ ပြန်ပို့ပေးပါ။ သမီး စံအိမ်ကိုပြန်လာတာနဲ့ ညီမလေးရဲ့ ကျန်းမာရေးအခြေအနေကလည်း ဆိုးရွားသွားတယ်လေ။ သမီးရဲ့ ကံဆိုးမှုတွေက သူ့ကို အန္တရာယ်ဖြစ်သွားစေခဲ့တာပါ"

လီအဖေက လန့်သွားပြီး ပြန်ပြောလိုက်လေသည်။ "သမီးက ဘာလို့ အဲ့ဒီလိုပြောရတာလဲ။ စုဝမ်က ဒီတိုင်းနေမကောင်းရုံတင်ပါ။ သူက ဆရာဝန်နဲ့ တွေ့တာနဲ့ ပြန်သက်သာသွားမှာ။"

ပြန်လည်မွေးဖွားလာပြီးနောက် အကြီးဆုံးသမီးရင်းက လက်ဖက်စိမ်းမပဲလုပ်‌တော့မယ်Where stories live. Discover now