နှလုံးအိမ်ကိုဖောက်ဝင်လာသည့်မြှားကို
ရှင်ဘုရင်က လက်ထဲကဓားနှင့် ပိုင်းဖြတ်
ပြီးနောက် နာကျင်မှုအလျှင်းမဲ့သည့်မျက်
နှာနှင့် စိုက်ဝင်နေသည်မြှားခေါင်းကိုအညှာအတာမဲ့စွာ ဆွဲနှုတ်ပစ်လိုက်သည်။
ချပ်ဝတ်အပြင်ဘက်သို့ စိမ့်ထွက်လာသော
သွေးများကမနည်းလှပေမယ့် ရှင်ဘုရင်
ကတော့ မြင်းဇက်ကြိုးနှင့် ဓားရှည်ကိုသာ
မြဲမြံစွာကိုင်ထားပြီး မြှားသမား၏အကွာ
အဝေးကို စိုက်ကြည့်သည်။ မှောင်ပိန်းနေ
သည့်ပတ်ဝန်းကျင်ကြောင့် ရှေ့တစ်ကိုက်
လောက်ကိုပင် မြင်ရဖို့ခက်ခဲနေပေမယ့်
ရှင်ဘုရင်၏အကြည့်များက စူးစိုက်မှု
အပြည့်နှင့် အရာအားလုံးကိုမြင်နိုင်စွမ်း
ရှိသည့်အလား ခက်ထန်စူးရှနေသည်။
လှုပ်ရှားမှုတစ်ခုကို အာရုံခံစားမိ၍ မြင်း
ဝမ်းဗိုက်ကို ဖနောင့်နှင့်ထိရန်ပြင်ဆင်မှာပဲ
တပ်သားများက သူ့အနားကိုရောက်လာ
သည်။
"အရှင်မင်းကြီး!"
"ဆက်လိုက်သွားဖို့မသင့်တော့ပါဘူး"
"မင်းတို့နေခဲ့ချည်"
ရှင်ဘုရင် ရင်ဘတ်မှစိမ့်ထွက်နေသောသွေးများကိုမြင်သည့်တပ်သားများက
အလွန်အမင်းစိတ်ပူသွားကြပြီး ဘုရင်အားတားဆီးဖို့ကြိုးစားသော်လည်း ဝှေ့ရမ်း
လိုက်သည့်ဓားမှတဆင့် ဝေ့ဝဲလာသည့်
လေမှာ သူတို့အား ကြောက်စိတ်အသီးသီး
ဝင်စေသည်။ ထိုမျှလောက် ရှင်ဘုရင်
အား သူတို့ရိုသေကြောက်ရွံပါ၏။
"ရန်သူက တစ်ယောက်တည်း မင်းတို့
အရပ်ထဲက ဒဏ်ရာရနေတဲ့လူတွေကို
အမြန်ဆုံးကုသနိုင်ဖို့စီစဥ်"
"ဖန်းလီ က နန်းတော်ကိုကာကွယ်လိမ့်မယ်"
'လျို့ဖန်းလီ' ဆိုသူက ရှင်ဘုရင် အားကိုး
ရဆုံးသောတပ်မှူး။ အယုံကြည်ရဆုံးလူ
တစ်ယောက်။
တပ်သားများကလည်း သူတို့ရဲ့တပ်မှူး
ဆီပြန်သွားဖို့ကိုသာရွေးချယ်လိုက်သည်။
ရှင်ဘုရင်ကို တပ်မှူးကတောင် မတားနိုင်
လို့ နန်းရင်ပြင်မှာ ကျန်ခဲ့ရတာ။သူတို့ဆိုရင်ပိုလို့ပင် တားလို့ရမည်မဟုတ်ပေ။
'ဝမ်'က အတိုက်ခိုက်ဘက်မှာထူးချွန်သလို
နန်းရေးကိစ္စများမှာလည်း ထက်လွန်းလို့
ဘယ်တိုင်းပြည်ကမှ သူတို့ကို မကျူး
ကျော်ရဲသလို၊တိုင်းပြည်ငယ်များကပင်
ဝမ့်လက်အောက်မှာ ခိုလှုံကြတာချည်းပင်။
YOU ARE READING
𝐑𝐞𝐝 𝐒𝐩𝐢𝐝𝐞𝐫 𝐋𝐢𝐥𝐲 𝐖𝐡𝐢𝐬𝐩𝐞𝐫 𝐓𝐨 𝐓𝐡𝐞 𝐒𝐨𝐮𝐥