Part I: The Waiting that can Wait

779 45 55
                                        

ကျောက်ယွမ်ကျိုး၊ ငါ့လက်နဲ့ခွဲထုတ်ခဲ့တဲ့မင်းရဲ့နတ်ဖုရားအသိစိတ်ကို ငါကျိန်းသေပေါက်တွေ့အောင်ရှာမယ်၊

လူ့ဘုံရဲ့တောင်တန်း ကန္တာရ ပင်လယ် ...

မြေရိုင်းလွင်ပြင်ကျယ်ရဲ့တောင်နှစ်ဆယ့်ရှစ်တောင် ...

ငါအားလုံးတစ်ခုချင်းစီရှာမယ်။ 

အရပ်လေးမျက်နှာတစ်ခွင်တစ်ပြင်တွင် မဟူရာညနတ်ဖုရား၏အရှိန်အဝါများတစ်စတစ်စစိုးမိုးလာလေပြီ။ အထက်ကောင်းကင်ယံသည် မြူများဖြင့်အုံ့မှိုင်းနေသောကြောင့် သက်ဆင်းတော့မည်ဖြစ်သည့် သူရိန်နေမင်း၏နေရောင်ခြည်အရိပ်အယောင်ပင်မရှိနိုင်၊ မှုန်ဝပ်နေ၏။

မှန်မှန်ခုန်ပြေးနေသည့်မြင်းအရှိန်ဖြင့် ငွေမင်ရောင်ဖြူ‌လွလွဆံနွယ်ရှည်သည် လေနှင်ရာနှင့်အတူလွင့်ပါဝဲနေသည်။ အသံမမြည်တော့သည့်ရွှေရောင်ခေါင်းလောင်းငယ်သည်လည်း သူ့ဆံနွယ်များနှင့်အတူကခုန်နေလေသည်မှာ 

"မသံမရှိ၊ အလွမ်းမရှိ..." ဟူသည့် သူ့ပိုင်ရှင်၏ဝိဉာဉ်အစွမ်းဆန္ဒအလားပင်။

မှောင်ရီဝိုးတဝါးခပ်ပျပျအချိန်သည်ပင် ထိုမြင်းစီးလာသူ၏သမုဒ္ဒရာနက်ရှိုင်းရာရှိအသည်းနှလုံးအလားမျက်ဝန်းတစ်စုံအား မမှိန်ပျောက်စေနိုင်။ ကြည်စင်ရှင်းနေသည့်လည်တိုင်ဖြူဖြူတွင် ပါးလျလျဖြာထွက်နေသည့် ပင်လယ်ပြာရေခဲသွေးကြောမျှင်များသည် မြူများကြားမှခပ်မှိန်မှိန်အလင်းရောင်အောက်တွင်တစ်ချက်တစ်ချက်တဖျတ်ဖျတ်လက်၍လက်၍သွား၏။ 

ကျွော်ယိချန်မြင်းကိုအရှိန်သတ်လိုက်သည်။ တစ်ညနေခင်းလုံးလှည့်လည်သွားလာနေခဲ့ခြင်းသည် သူ့အပေါ်စိုးစဉ်မျှပင်သက်ရောက်မှုမရှိသော်လည်း သူ့အားအဖော်ပြုလာသည့်သေမျိုးမြင်းအတွက်တော့ မတူသည့်အခြေအနေတစ်ခုဖြစ်သွားလေပြီ။ ပတ်ဝန်းကျင်ကိုမျှော်ကြည့်လိုက်တော့ မကြာခင်တစ်ခဏအတွင်းတွင်ပင်နေတာကုန်၍ညတာသို့ရောက်တော့မည်။

ရေစပ်စပ်ရှိသည့်အိုင်ငယ်နံဘေးတွင်မြင်းအားရေသောက်နားရင်း သူလည်းထိုင်ချလိုက်သည်။

The Waiting that can waitStories to obsess over. Discover now