Ep-24

155 6 0
                                        

"ကိုကို..."

"အင်း ကလေး"

"ချစ်လား မောင့်ကို"

"ချစ်တာထက် ပိုတယ်"

"ချစ်တာထက် ပိုရင် အနမ်းပေး"

"အာ ဘေးနားမှာ လူတွေရှိတယ်လေကလေး "

ပိုင်ဆိုင်ဇေတို့ခု first dateဆိုပြီးကိုကိုနဲ့အတူ ရုပ်ရှင်ကြည့်နေတာဖြစ်သည်။အတွဲခုံဝယ်ထားတာကြောင့် ကိုကို့ကိုရင်ခွင်ထဲထည့်ကာ ချစ်ချင်တိုင်းချစ်လို့နေသည်။

"ချစ်တယ်ဆို ကိုကိုကလဲ"

"လူတွေနဲ့လေ ကလေး "

"ရုပ်ရှင်ရုံမှာ လူမရှိလို့ ခွေးရှိရမှာလား ကိုကိုရာ "

"ဟာ ဒီကလေးကတော့"

"မရဘူး အနမ်းပေး "

နူတ်ခမ်းဆူပြီး အသဲကိုချွဲကာပြောနေသည့်ပိုင်ဆိုင်ဇေကိုကြည့်ပြီး လွှမ်းသုအူတွေယားပြီး ရယ်ချင်နေမိသည်။ခုလည်း နူတ်ခမ်းကြီးကိုဆူပြီးနမ်းခိုင်းနေတာကြောင့် လွှမ်းသုဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ သူတို့အာရုံနဲ့သူတို့မို့ မြန်မြန်အနမ်းပေးလိုက်သည်။နမ်းရုံတင်လေးနမ်းလိုက်ပေမဲ့ ပိုင်ဆိုင်ဇေကလွှမ်းသုလည်ကုတ်ထားကိုထိန်းကိုင်ကာ ပြန်မလွှတ်ပေးတာကြောင့် ရင်ဘက်ကိုထုနေပေမဲ့ အလွှတ်မပေးပေ။

ပြွတ်! ပြွတ်!

"တော်ပြီ... အွန့်"

လွှမ်းသုစကားပြောတာကို အခွင်လကောင်းယူပြီး ပိုင်ဆိုင်ဇေရဲ့လျှာက လွှမ်းသုပါးစပ်ထဲရောက်လာခဲ့သည်။သူ့လျှာနဲ့ လွှမ်းသုလျှာကို ကစားနေတာကြောင့် လွှမ်းသုမှာမျက်နှာကြီးနီရဲလာတော့သည်။လွှမ်းသုနူတ်ခမ်းကိုလည်း စုပ်လိုက်နမ်းလိုက်လုပ်နေတာကြောင့် နားရှက်ဖွယ်အသံတွေက ကြားနေရသည်။

သူ့ရင်ခွင်ထဲရောက်နေသည့်လွှမ်းသုကို သူ့ပေါင်ပေါ်ဆွဲတင်ကာ အနမ်းဆက်ပေးနေလေသည်။ခါးပေါ်ရှိလက်ကလည်း အငြိမ်မနေအင်္ကျီထဲထိပါ နယ်ကျော်လာသည်။လူမြင်ကွင်းကြီးမို့ လွှမ်းသုအတင်းသူ့ကိုရပ်ခိုင်းရသည်။ဒါတောင် လွှမ်းသုရဲ့ခါးကိုညစ်သွားသေး၏။

I'm YoursWhere stories live. Discover now