Part-2 (Unicode)

1.2K 38 2
                                        

ဆေးရုံမတက်ခင် အရင်ဆုံးသွေးစစ်ရမည် ဖြစ်သည့်အတွက် သွေးစစ်ခန်းထဲတွင် သွေးစစ်မှုခံယူနေစဉ် နာစ့်မလေးက
" အယ် ဒေါက်တာ ဒီမနက်ခွဲရမယ့်လူနာရှိလို့လား၊ ဆေးရုံကိုစောစောစီးစီး ရောက်ချလာလို့လေ"

ပထမတော့ ကျွန်မလည်း တစ်ခြားဆရာဝန်တစ်ယောက်ကို ပြောနေသည်ထင်၍ သေချာအာရုံမစိုက်မိပေ၊ သို့သော် ကျွန်မနောက်ဖက်မှ ကြားရသည့်အသံသည်  .....
"မဟုတ်ဘူး ၊ ဒီနေ့ဆေးရုံတက်မယ့် တို့ patient တစ်ယောက်ရဲ့ သွေးအဖြေကို လာကြည့်တာ မနက်ပိုင်းလည်းအားနေတာနဲ့လေ"
ထိုအသံ တ်ိတ်ဆိတ်အေးစက်သော အခန်းထဲတွင် စောင်ပျော့လေးသကဲ့သို့ နွေးထွေးမှုပေးနိုင်သော သူမ၏အသံ ကျွန်မနောက်လှည့်ကြည့်လိုက်ပြီး ....
"ဆရာမ ၊ သမီးသွေးအဖြေကို လာကြည့်ပေးတာလား"
"အိုး သမီးက ဒီမှာကို၊ ဒါ့ကြောင့် ဝင်လာကတည်းက ကြည့်နေတာ သမီးများလားလို့ သမီးက အရင်က မင်းသမီး မျိုးစန္ဒီကျော်နဲ့ဆင်နေလို့ ဆရာမက မှတ်မိနေတာ ၊ အဖြေရရင် ရှေ့က emergency ward ထဲလာခဲ့ပါနော်၊ ဆရာမစောင့်နေမယ်"

ဆရာမထွက်သွားတာနဲ့ သွေးဖောက်ပေးနေတဲ့ နာစ့်မလေးက " အမ ကံကောင်းတယ်သိလား၊ ဒေါက်တာမြက သွေးအဖြေ ခုလိုလာကြည့်ပေးတာရှားတယ် ၊ မနက်ပိုင်းဆို သူ့လက်ထောက်ဆရာဝန်ကိုပဲ ကြည့်ခိုင်းတာများတယ်"
"ဒါဆို အမကံကောင်းတာပေါ့နော်" သဘောကျနေတဲ့မျက်နှာလေးကို မဖုံးနိုင်မဖိနိုင် ပြုံးပြီး ကျွန်မပြန်ဖြေမိသည်။

ကျွန်မလည်း သွေးစစ်ထားတဲ့ အဖြေစာရွက်လေးကိုကိုင်ရင်း  နေရောင်၏ဖျော့တော့သော အလင်းတန်းများထိုးနေသော emergency ward ထဲသို့ မချိုနဲ့အတူလှမ်းလာခဲ့သည်
တစ်နေရာအရောက် ကျွန်မ၏ လက်တစ်ဖက်ကို တစ်စုံတစ်ယောက်မှ လှမ်းဆွဲလိုက်သဖြင့် ကျွန်မကြောင်အမ်းအမ်းဖြင့် လှည့်ကြည့်လိုက်ရာ အလင်းတန်းအောက်မှာ ပေါ်လာသော ဆရာမ မျက်နှာလေး  ....
" သမီးလာ တို့ကစောင့်နေတာ ၊ အဖြေလေးတွေ ပြပါအုံးကွယ်" ဆရာမ၏ အသံလေးဟာ အေးစက်ငြိမ်သက်မှုနှင့်အတူ နွေးထွေးမှုကိုလည်းပေးစွမ်းနေသည်။ သူမသည် အပြုံးဟန်လေးဖြင့် အဖြေစာရွက်ကို ဆွဲထုတ်ယူလိုက်ကာ
"သွေးအဖြေလည်းကောင်းတယ် မနက်ဖြန် မနက် ၆ နာရီလောက်ခွဲမယ်နော် ၊ ၁၀ နာရီနောက်ပိုင်းဘာမှမစားနဲ့နော်၊ ရေလည်းမသောက်နဲ့ ရေငတ်ရင် အာလေးပဲစွတ်ပေးနော်"
သူမ၏စကားလုံးများသည် ကျွန်မ၏စိုးရိမ်မှုများကို ခဏတာမေ့ပျောက်စေသည်။
"ဒါနဲ့ သမီးကို ဘယ်သူစောင့်ပေးမှာလဲ"သူမ၏ မျက်လုံးတို့က ဂရုစိုက်မှုအပြည့်နှင့် ကျွန်မကိုမေးသည်။
"ကျွန်မစောင့်ပေးမှာ ဒေါက်တာ သူ့အမ ဝမ်းကွဲပါ" မချိုက သူ့ကိုယ်သူ မိတ်ဆက်ရင်းဆိုလေသည်။
ဆရာမက မချိုဆီကို သက်တောင့်သက်သာ ပြုံးပြလိုက်ပြီး
"သေချာဂရုစိုက်ပေးလိုက်ပါအုံးကွယ် ၊ ကလေး ကရောကြောက်နေလား"
ဆရာမ ဆီက ကလေးဟူသော အသုံးအနှုန်းထွက်လာ၍ မချိုကကြောင်နေပြီး ဟိုရှာဒီရှာ လုပ်နေလေသည်
"မကြောက်ပါဘူး ဆရာမ ၊ သမီးက သတ္တိရှိပါတယ် ဟီး" ကျွန်မပြန်ဖြေလိုက်တော့မှ မချိုက နားလည်သွားဟန်ဖြင့် ပြုံးလေသည်။
" အေးပါ  ကြောက်စရာမှ မရှိတာနော် ကလေးမျက်နှာလေးနဲ့ လူကြီးလုပ်နေတဲ့ ကလေးမ" တိုးတိုးလေးရယ်ရင်းဆိုလေသည်။
"ဟုတ်ပြီ ဒါဆို ဆေးရုံတက်ဖို့ပြင်ဆင်လိုက်ကြအုံးနော်" ဟုဆိုရင်း ကျွန်မနှင့် မချိုကို နှုတ်ဆက်ကာ ထွက်သွားလေသည်။

နေရောင်ဖျော့ဖျော့ထိုးနေသော ကျွန်မနေရမည့ အခန်းတွင်းသို့ရောက်သောအခါ
"အခန်းက ကျယ်သားပဲနော် နေရောင်ခြည်လည်း ကောင်းကောင်းရတယ်"
"ဟုတ်တယ် မချိုတို့ အမရာရဲ့ စားရေးသောက်ရေး မပူနဲ့နော်၊ ဆေးရုံက breakfast lunch dinner အကုန်စီစဉ်ပေးတယ် ဒီအခန်းကို ယူထားတော့"
"အင်းပါ မနက်ဖြန်ခွဲစိတ်ပြီးတဲ့ထိတော့ မချိုနေလိုက်မယ်လေ ၊ ပြီးမှ ဆိုင်သွားလိုက်မယ်"
"ဟုတ် မနက်ဖြန် အမရာ သူငယ်ချင်းဖြူလည်း လာမယ်ပြောတယ်"
"ကောင်းတာပေါ့ ၊ သဉ္ဇာလည်းရှိနေမှာပဲလေ၊ ဒါနဲ့ ဆရာဝန်မက ညီမလေးကို ကလေးလို့ ခေါ်တာလား"
"ဟုတ်တယ်မမ မနေ့ညထဲက ကလေးလို့ တစ်ချက်ချက်ခေါ်တယ်၊ မချိုသူပြောတာမကြားဘူးလား အမရာ့ကို ကလေးရုပ်နဲ့ နဲ့တဲ့၊ ကိုယ့်ကိုကိုယ်တော့ နုတာသိပါတယ် ၊ ဒါပေမယ့် အက်လောက်တောင်နုနေတယ်လို့ မထင်မိဘူးရယ်"
အေး ဆရာဝန်မက နွေးထွေးတယ်နော် ညီမလေးကိုလည်းဂရုတော့စိုက်သားနော်"
"ဟုတ်တယ် မချို၊ ဆရာမက သူ့လူနာတိုင်းကို နွေးနွေးထွေးထွေး ဆက်ဆံတတ်တယ်ထင်တယ်"
"ဒါနဲ့ မမယုကတောင် အမကို ဖုန်းဆက်သေးတယ် ညီမလေးသတင်းမေးတာ ၊ သူ့သူငယ်ချင်းကို သူအပ်ပေးဖို့လိုသေးလားတဲ့ ညီမလေးနဲ့သူသိတယ်ဆိုတာ"
"ဆရာဝန်မက ဂရုစိုက်နေတာပဲ မချိုရယ် ၊ မအပ်ခိုင်းပါနဲ့တော့ ၊ မမယုကို အားနာစရာ၊ ဒါနဲ့မမယုက မချိုကိုနေ့တိုင်းလိုလို ဖုန်းဆက်တာလား"
"မဟုတ်ပါဘူး သူလည်းတစ်ကိုယ်တည်းဆိုတော့ အထီးကျန်တယ် ထင်ပါရဲ့ သူ့တူမခရီးသွားတဲ့ အချိန်ဆိုရင်တော့ နေ့တိုင်းနီးပါးဖုန်းဆက်တာ"
"အင်းပါ ကောင်းပါတယ်"
"ဒါနဲ့ အမရာ ကျော်နဲ့ ရန်ဖြစ်ထားသေးလား၊ ကျော်က မမကို စာပို့ထားလို့ ဘယ်တော့ဆေးရုံတက်မှာလဲဘာညာဆိုပြီး ၊ ဒီမှာကြည့်"
"အက်ကျော်က ရူးနေတာ ညကတင် အမရာပြောတယ် မနက်ဖြန်တက်ရမှာဆိုပြီး သူက ကလေးရူးရူးနေတာလေ အမရာက ခုလိုတွေဖြစ်တော့ ကလေးရဖို့ခက်ခဲမယ်လို့ ပြောရုံရှိသေး သူ့မှာ ကမ္ဘာတွေပျက်နေတာ၊ အမရာ ဆေးရုံတက်မှာတောင် စိတ်မပူဘူး အက်တာကြောင့် ညက ပိတ်အော်ပေးလိုက်တာ"
"ပြန်ခေါ်လိုက်ပါ ညီမလေးရယ်"
"မခေါ်ပါဘူး အကုသိုလ်မများချင်ဘူး ခွဲရစိတ်ရခန်းနီး"
"အေးပါ သဘော သဘော"

ဒီလိုနဲ့ နာ့စ်မလေးများက လိုအပ်သည်များကို လာရောက်မှာကြားလိုက် ၊ ဆေးတည့်မတည့်လာစမ်းလိုက်နှင့် ညဦးပိုင်းအချိန်ကိုရောက်ရှိလာသည်။ အခန်းအပြင်ကနေ ဆရာမကြီး round လှည့်တယ်ဟု အော်သံကြားလိုက်ရပြီး အခန်းတံခါးအလိုလိုပွင့်လာကာ ......................

အပိုင်းသစ်မျှော်

ချစ်သောအရာရာWhere stories live. Discover now