ဆေးရုံရဲ့ အေးမြတဲ့လေထုထဲမှာ ကိုယ့်နာမည်ခေါ်သံကြားလိုက်တာနဲ့ အလင်းရောင်နည်းနည်းလင်းနေတဲ့အခန်းထဲကို အမရာရွှေဇင်တစ်ယောက် ဝင်လာတော့တာဖြစ်တယ်။ အမရာက အသက် ၂၇ နှစ်ကျော်ပြီ၊ ပညာတတ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အင်္ကျီ ဒီဇိုင်နာ မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ သူ့မှာလည်း အနည်းငယ်ကြောက်စိတ်နဲ့အတူရင်ခုန်မှုရှိနေတယ်။
အခန်းထဲမှာ အလုပ်မအားတဲ့ ဆရာဝန်မ ဒေါက်တာ မြသီတာဟာ လူနာရဲ့ ဆေးစစ်ချက်ကိုကြည့်ရင်း
"အမရာရွှေဇင်လား ?"
အမရာက တိုးတိုးသံနဲ့ "ဟုတ်ပါတယ်" လို့ ဖြေလိုက်တယ်။
"သမီးဗိုက်ထဲမှာ သွေးလုံးရှိနေတယ် ၊ ခွဲစိတ်ဖို့လိုအပ်တယ်" ဆရာဝန်မ မြသီတာက လေးနက်စွာပြောလာသည်။ "သမီးမှာ မိဘ (သို့) အုပ်ထိန်းသူ လူကြီးတစ်ယောက်ယောက်ပါရင် ခေါ်လိုက်နော် ၊ သူတို့လည်း သိရတာပေါ့ကွယ် "
"မပါပါဘူး ဆရာမ ၊ သမီးကိုပဲပြောလို့ရပါတယ်"
"သမီးဗိုက်ထဲမှာ ကလေးခေါင်းလောက်ရှိတဲ့ သွေးလုံးဖြစ်နေတယ် ၊ အက်တာကြောင့် သမီးခွဲစိတ်ရမယ်သားအိမ်ဘေးဘက်က မျိုးဥပြွန်နားမှာလည်း စပျစ်ခိုင်လိုအရာလေးတွေ တွေ့တယ် အက်တာတွေပါ ရှင်းပစ်ရမှာ၊ ပြီးရင် ခုလိုခွဲစိတ်လိုက်ပေမယ့် နောက်နှစ်အနည်းငယ်ကြာရင်လည်း ပြန်ဖြစ်တတ်တာတွေရှိတယ် သမီးက ၆ လတစ်ခါလောက် ultrasound ရိုက်တာတွေပြန်လုပ်ပေးရမယ်ကွဲ့ ၊ ဒါနဲ့ သမီးက အပျိုလား၊ ဒီလိုမေးတာ ဆရာမကို တစ်မျိူးမထင်ပါနဲ့၊ အကယ်၍ အိမ်ထောင်သည်ဆို ကလေးယူဖို့ကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်လာနိုင်ချေရှိမယ့် အချက်လေးတွေကို ပြောပြချင်လို့ပါ"
"ဟုတ် ဆရာမ ၊ သမီးက အပျိုပါ ၊ သမီးချစ်သူက နိုင်ငံခြားမှာမို့ အခုမပါလာတာပါ၊ အိမ်ထောင်ပြုဖို့တော့ အစီအစဉ်ရှိပါတယ် ၊ ကလေးယူဖို့ကတော့ သမီးဘက်က
အစီအစဉ်မရှိပါဘူး"
" ဆရာမ ပြောပြချင်တာက သမီးသားအိမ်က အားနည်းသွားပြီပေါ့နော် အကယ်လို့ ကလေးယူမယ်ဆိုရင်တောင်ရဖို့အတော်ကြိုးစားရမယ် ၊ ရခဲ့ရင်တောင်ကလေးခိုင်ဖို့ ကြိုးစားရမှာတွေရှိတယ်ကွဲ့"
"အက်တာတွေက သမီးအတွက် အရေးမကြီးပါဘူး ဆရာမရယ် သမီးဘယ်တော့လောက်ခွဲရမလား"
"မြန်လေကောင်းလေ ပဲပေ့ါ သမီးရယ်၊ ဆရာမ ဆန္ဒအရဆို မနက်ဖြန်တောင်ဆေးရုံတက်ပြီး သဘက်ခါ မနက်စောစောလောက်ခွဲလိုက်ချင်တာ"
"ဟုတ် ဆရာမပြောသလို သမီး လုပ်ပါ့မယ်၊ သမီးလည်း မြန်မြန်ခွဲချင်ပါတယ်"
"အိုခေလေ အာ့ဆို မနက်ဖြန်ပဲ ဆေးရုံတက်လိုက်တော့ သမီး ၊ လိုတာတွေ နာ့စ်မလေးပြောပြပေးလိမ့်မယ်ကွယ်"
"ဟုတ် ဆရာမ ကျေးဇူးပါနော်" ကျွန်မ နှုတ်ဆက်ပြီး အထ ဆရာမက
" သမီးမကြောက်နဲ့နော် ဒီနေ့အားရှိတဲ့အစားတွေစား ညကျ အိပ်ရေးဝဝအိပ် ဟုတ်ပြီလား ကလေး" ဆရာမရဲ့အသံက တည်ငြိမ်၊ နွေးထွေးပြီး အမရာရဲ့ရင်ထဲက အထီးကျန်မှုတွေကို လျော့ပေါ့သွားစေတယ်။
"ဟုတ် ဆရာမ ကျေးဇူးပါ" ဆရာမက ကျွန်မကို ကလေး လို့ ခေါ်တာကိုတော့ ရင်ထဲ၌ အံ့ဩနေမိသည်။
YOU ARE READING
ချစ်သောအရာရာ
Romanceသူမရဲ့ မျက်ဝန်းအိမ်တွေထဲမှာ ကိုယ့်ဘဝရဲ့ နားခိုရာကို ရှာတွေ့ခဲ့တယ် .....
