အဲ့ဒီတုန်းကမောင်နဲ့ကျနော်တစ်ယောက်နဲ့တစ်ယောက်ရူးရူးမိုက်မိုက်နဲ့ကို ချစ်ခဲ့ကြပြီးအချစ်တွေလည်းတဖြည်းဖြည်းနဲ့နယ်ကျွံခဲ့ကြတယ်.။
ကျနော်ချစ်လို့ပေးဆပ်ခဲ့တာပဲ..ကျနော့်ဘဝကြီးထက်မောင့်ကိုပိုချစ်ခဲ့လို့ ဘဝတစ်ခုလုံးကိုပုံပေးခဲ့တာ....
မောင်လည်းကျနော့်လိုပဲထပ်တူကျမယ်လို့လည်းတွေးခဲ့လို့ပေါ့...
"ဟျောင်း...တံခါးဖွင့်ပေးပါအုန်း..ကျနော်ပါ.."
"..ဒီအချိန်ကြီးဘယ်လိုလုပ်ရောက်လာတာလဲ...ဟင်...မောင် ငိုနေတာလား"
"ဟင့်.....ကျနော်ဘယ်လိုလုပ်ရမလဲ..ဟျောင်းရယ်.."
"မောင်ရယ် ..ဘာလို့ငိုနေတာလဲ...ဘာဖြစ်လာတာလဲ ဟျောင်းကိုပြောပါအုန်း"
"မေမေက ဟျောင်းနဲ့ကျနော့်ကိုခွဲဖို့ကြံနေတယ် ..ကျနော် ဟျောင်းနဲ့မခွဲနိုင်ဘူးဗျာ ဘယ်လိုလုပ်ရမလဲ..."
အဲ့ဒီတုန်းက မောင် ငိုတာကိုပထမဆုံးတွေ့ဖူးတာဖြစ်ပြီး မောင့်လိုပဲထပ်တူ နာကျင်ခံစားခဲ့ရပါတယ်..။အချစ်အတွက်နဲ့စုံလုံးကန်းနေခဲ့တဲ့ကျနော်က မောင် ရဲ့အလိုကိုလိုက်ပြီး အတူတူလာနေဖို့ကိုခွင့်ပြုခဲ့မိတယ်..။
မောင့် ရဲ့မိဘတွေနဲ့ဆန့်ကျင့်ဘက်ဖြစ်သွားခဲ့ပေမဲ့ နှစ်ယောက်အတူတူသာရှိနေရင် အရာအားလုံးအဆင်ပြေပြီလို့ တွေးခဲ့မိတာပါ။
အရင်ကလို သတိရနေစရာလည်းမလိုတော့ဘဲ အချိန်ပြည့်အတူတူရှိနေရမှာမို့ အရမ်းကိုပျော်စရာကောင်းမှာလို့ထင်ခဲ့မိတာ...ဒါပေမဲ့..
(အချိန်တွေရဲ့တိုက်စားမှုနဲ့အတူ အချို့သောချစ်ခြင်းတရားတွေကလည်း အရောင်လွင့်ပျယ်သွားတတ်ပါတယ်...)
"မောင် ခုနပဲပြန်ရောက်တာဘယ်သွားအုန်းမလို့လဲ "
"သူငယ်ချင်းတွေဆီ..."
"ဟွန့် အမြဲတမ်းသူငယ်ချင်းတွေဆီမှာကြီးပဲ..ဟျောင်းအနားမှာလည်းနည်းနည်းပါးပါးနေပါအုန်း..ဟျောင်းတစ်ယောက်တည်းပျင်းတယ်လေ.."
"ပျင်းရင် ခင်ဗျားလည်းသူငယ်ချင်းတွေဆီသွားလည်လေ.."
YOU ARE READING
Time Eroding
Fantasyအချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ အချို့ချစ်ခြင်းတရားတွေကလည်း အရောင်တွေမှေးမှိန်လာတယ်...
Part.2
Start from the beginning
