Part.2

200 27 5
                                        

🎀

.
.
.

"ယွန်းဂီဟျောင်း...ဒါကျနော့်သူငယ်ချင်း ဂျွန်ဂျောင်ကု တဲ့..သူကဟျောင်းရဲ့စာဖတ်ပရိတ်သတ်လေ.."


"တွေ့ရတာဝမ်းသာပါတယ် ..ဟျောင်း နဲ့ခင်လို့ရမလားဗျ.."


ရိုးရှင်းသောတွေ့ဆုံမှု‌လေးတစ်ခုနဲ့ပဲ မောင်နဲ့ကျနော် စတင်တွေ့ဆုံခဲ့ကြသည်...အဲ့ဒီတုန်းက ကျနော်က စာရေးဆရာတစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး မောင်ကတော့ ဒုတိယနှစ်တတ်နေတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ပေါ့....။

ချောမောလွန်းလှတဲ့ရုပ်ရည်နဲ့ တစ်ကိုယ်လုံးကိုဈေးကြီးအဝတ်စားတွေပဲဆင်ထားပြီး အပြောအဆို အနေထိုင်ကစ ခေတ်မီနေလွန်းတဲ့ ကောင်လေးတစ်ယောက်က ကျနော့်ရဲ့ နာမယ်မကြီးတဲ့စာအုပ်ကိုသိတယ်ဆိုတော့  ကျနော့်အတွက်အထူးဆန်းဖြစ်နေခဲ့ပြီး မောင့်ကိုပိုပြီးသတိထားမိခဲ့တယ်လေ..။

အစကတော့ တကယ်ပဲ ကျနော့် စာအုပ်တွေကိုစိတ်ဝင်စားလို့ ကျနော့်နားကိုရောက်လာခဲ့တယ်လို့ကျနော်ထင်ခဲ့တာ...တဖြည်းဖြည်းအချိန်တွေကြာလာမှ မောင်စိတ်ဝင်စားတာ ကျနော့်စာအုပ်တွေကိုမဟုတ်ဘဲ ကျနော့်ဖြစ်
နေမှန်းသိခဲ့ရတယ်...။

"ဟျောင်း..ကျနော်ပြောတာနားထောင်ပါအုန်း...လိမ်ခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ဗျာ..ဟျောင်းအနားမှာရှိနေနိုင်ဖို့ ဒီတစ်နည်းပဲရှိလို့ပါ"


"အဲ့ဒါနဲ့ပဲ ငါ့ကိုအရူးလုပ်ခဲ့တယ်ပေါ့ ဂျောင်ကု..သွား ..မင်း နောက်ခါ ငါ့ရှေ့ပေါ်မလာနဲ့တော့ ငါမင်းကိုထပ်မတွေ့ချင်တော့ဘူး..."


အဲ့ဒီတုန်းက ကျနော်နဲ့အခြေနေကွာခြားလွန်းတဲ့ မောင့်ကို ကျနော်အတတ်နိုင်ဆုံးရှောင်ဖယ်ခဲ့ပါတယ်။
ကျနော့်လို တစ်ကောင်ကြွက် ကိုယ့်ဘဝကိုယ်ရုန်း‌နေရတဲ့သူတစ်ယောက်နဲ့ မောင့် လို အဖက်ဖက်က ပြည့်စုံနေတဲ့ သူက ဘယ်လိုမှမဖြစ်သင့်ပါဘူးဆိုတဲ့အတွေးလေးနဲ့ မောင် ကိုအဝေးကိုတွန်းထုတ်ခဲ့ပါတယ်။
မောင့်ရဲ့အပြုံးလေးတွေ ၊ဘာမဟုတ်တဲ့အထိတွေ့လေးတွေကအစ ရင်ခုန်မိခဲ့ပေမဲ့..မဖြစ်သင့်တာမိုလို့ကို ကိုယ့်ရင်ခုန်သံကို ကိုယ်မကြားချင်ယောင်ဆောင်ခဲ့ရတယ်..။

You've reached the end of published parts.

⏰ Last updated: Dec 05, 2024 ⏰

Add this story to your Library to get notified about new parts!

Time Eroding Where stories live. Discover now