ဒါပေမဲ့ မောင်ကအရမ်းဆိုးတယ်လေ...။ကျနော်ပြေးသလောက် မောင်ကလည်းလိုက်နေခဲ့ပြီး ရေခဲလိုအေးခဲနေခဲ့တဲ့ ကျနော့်နှလုံးသားလေးကိုတဖြည်းဖြည်းအရည်ပျော်လာအောင်လုပ်နိုင်ခဲ့တယ်လေ..
နောက်ဆုံး..ကျနော် မောင့်ဆီမှာ ကျဆုံးသွားတော့တာပါပဲ...
"ဟျောင်း..ထပ်ပြောပါအုန်း ကျနော်ကြားချင်သေးလို့ထပ်ပြောပါအုန်း"
"မရစ်နဲ့ကွာ..ကြားလိုက်ရက်သားနဲ့..."
"ဟျောင်းရယ်...ကျနော်ထပ်ကြားချင်လို့ပေါ့..နောက်တစ်ခေါက်လောက်ထပ်ပြောပါအုန်းနော်.."
"တအားရစ်တာပဲ....ချစ်တယ်ကွာ..ချစ်တယ်..ချစ်တယ်.."
"ဟျောင်း...မောင်လို့ခေါ်ပါလား..."
"ဘာ ခေါ်ချင်ပါဘူး ရှက်စရာကြီး.."
"ဘာလို့လဲ ကျနော်တို့ကချစ်သူတွေဖြစ်သွားပြီပဲ ဘာရှက်စရာလိုလဲ "
"မသိဘူး ...ခေါ်ချင်ဘူးကွာ..."
"တကယ်နော် အဲ့ဒါဆို ကျနော့်ကိုမောင်လို့မခေါ်ရင် ဟျောင်းကိုအခု လူကြားထဲနမ်းလိုက်မှာနော်..."
"ဂျောင်ကု...မင်းမရစ်နဲ့ကွာ..."
"မခေါ်သေးဘူးလား ...တစ်....နှစ်...."
"မောင်..."
"ဟက်..တိုးတိုးလေး သိပ်မကြားဘူး..."
"ကျစ်....မောင်..မောင်ရေ...မောင် ...အွန့်...."
ဟက်...မောင် ကတကယ်အဆိုးလေးပါ..အဲ့တုန်းက လူကြားထဲ မောင်နဲ့အနမ်းခြွေခဲ့တာကိုပြန်စဉ်းစားလိုက်တိုင်းအခုချိန်ထိ မျက်နှာတွေပူတုန်းပဲ...။
မောင်နဲ့ ကျနော် တွဲဖြစ်သွားတော့ အရင်က သိမ်ငယ်မှုတွေနဲ့ ပက်ဝန်းကျင်ကို ရင်မဆိုင်ရဲခဲ့တဲ့ကျနော်က မောင့် ရဲ့မားမားမတ်မတ် ရပ်တည်ပေးမှုကြောင့် တဖြည်းဖြည်း သတ္တိတွေရှိလာခဲ့တယ်...
အရင်က ဖျားနာရင် ကိုယ့်ဘာသာတစ်ယောက်ထဲအခန်းလေးထဲဖြတ်သန်းရတဲ့ဘဝကနေ မောင့်ရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်ကျန်းမာရေးချူချာတဲ့ကိုယ့်ကိုကိုယ်တောင်အရင်ကလိုအပစ်မတင်မိတော့ပါဘူး...
YOU ARE READING
Time Eroding
Fantasyအချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ အချို့ချစ်ခြင်းတရားတွေကလည်း အရောင်တွေမှေးမှိန်လာတယ်...
Part.2
Start from the beginning
