ပျောက်နေတယ်တဲ့လား...။ကိုယ့်ကိုမတွေ့ချင်‌
တော့တဲ့လူကို ကိုယ်ကရှောင်နေပေးရုံလေး...ငါ့အတွက်ရော လွယ်ကူခဲ့တယ်ထင်လို့လား မောင်...။

ပြီးရင် မောင် လက်ထပ်မဲ့ကိစ္စကိုလည်း ငါကြားသားပဲ...။ဘယ်လို..နေနဲ့လ ရွှေနဲ့မြ..စီးပွါးရေးလောကရဲ့အအောင်မြင်ဆုံး ဂျွန်ဂျောင်ကုရဲ့သတို့သမီးလောင်းတို့ရဲ့အကြောင်း ဆိုပြီးတော့ နေရာတကာမှာ ဟိုးလေးတကြော်ကြော်ဖြစ်နေတာ ငါမသိဘဲနေပါ့မလား။



"အဲ့ဒါကအရေးမကြီးပါဘူး ဂျောင်ကု..အခုငါမင်းကိုတွေ့ချင်တာသားလေးကြောင့်ပဲ..ကဲ..မင်းဘယ်လိုဆုံးဖြတ်မှာလဲ.."



ဝုန်း...


စားပွဲကို လက်နဲ့ထုပြီး ထရပ်လိုက်တဲ့မောင်ကြောင့် ယွန်းဂီ အနည်းငယ်တော့တုန်လှုပ်သွားသည်။ဒါပေမဲ့ သူ့ဘဝမှာ ဒီ့ထက်ဆိုးရွားတဲ့အရာတွေကိုကြုံတွေ့ခဲ့ပြီးပြီမို့ ပုံစံတော့မပျက်ခဲ့ပါပေ။

မောင်က ပိုက်ဆံအိတ်ထဲက ကတ်တစ်ကတ်ကိုထုတ်ကာ သူ့ရှေ့ကို ပစ်ချပေးလာသည်။



"ဒါကိုယူပြီးထွက်သွားပါ..ယွန်းဂီ..ကုန်သွားရင် ထပ်လာတောင်း..ဒါပေမဲ့ ကျနော်နဲ့တော့ထပ်မပက်သက်ပါနဲ့တော့....ကျနော် ခင်ဗျားနဲ့ ပက်သက်သမျှအရာအားလုံးရဲ့အဝေးမှာနေချင်တယ်.."



ပုံမှန်‌ဆို ဒီစကားတွေရဲ့ရိုက်ခတ်မှုကြောင့် သူချုံးပွဲချငိုရင်ငို ၊ဒါမှမဟုတ်မောင့်စကားအတိုင်း မောင်နဲ့မပက်သက်တော့ဖို့ဆုံးဖြတ်ချက်ချလိုက်မှာအမှန်ပေ...။ဒါပေမဲ့ ကျနော်အဲ့လို လုပ်လို့မရဘူး...။မောင် ကျနော့်ကြောင့်စိတ်ဆင်းရဲမှာကို မလိုပေမဲ့ သားလေးရဲ့ရှေ့ရေးကြောင့် မောင့်ကို စိတ်ဒုက္ခပေးရအုန်းမှာပဲ...။

ယွန်းဂီ စားပွဲပေါ်က ကဒ် ကိုယူပြီးကျောခိုင်းထွက်သွားတော့မဲ့ မောင့်ရဲ့ကျောပြင်ကိုပစ်ပေါက်လိုက်သည်။ပြီးတော့ လှည့်ကြည့်လာတဲ့ မောင့်ရဲ့ မျက်ဝန်းစိမ်းတွေကို တည့်တည့်စိုက်ကြည့်လိုက်ပြီး...



"ငါ့ကိုသွေးတိုးစမ်းတာလား..ဂျောင်ကု...မင်းနဲ့ငါ့ရဲ့အကြောင်းတွေကို တလောကလုံးကိုဖွပြီးအသိပေးစေချင်နေတာလား..ဟမ်..."




"မင်းယွန်းဂီ..."



"သားလေးက မင်းနဲ့ငါနဲ့ ရတဲ့သွေးသား...ငါ ၁၀နှစ်လုံးလုံး တစ်ယောက်ထဲရုန်းကန်ပြီးသွားပြီ အခုမင်းအလှည့်ပဲ...ထပ်ပြီး မင်းခေါင်းရှောင်အုန်းမယ်ဆိုရင်တော့ ငါဘာဆက်လုပ်မလဲဆိုတာမပြောနိုင်ဘူးနော် ဂျောင်ကု.."



"အခု ငါ့ကို ခြိမ်းခြောက်နေတာလား..မင်းယွန်းဂီ.."




"ဆိုပါတော့..မင်းဒီလိုတွေ ငြင်းမယ်ဆိုတာသိလို့ မင်းဖွားဖွား ကိုလည်း သားလေးနဲ့ မင်းရဲ့  DNA စစ်တမ်းကို ငါပို့ပေးလိုက်ပြီးပြီ..မင်းငြင်းလို့မရတော့ဘူး..."



"ဘာ!!!!"


Ring....Ring...Ring



မောင် ရှေ့မှာ လေ့ကျင့်ပြီးသားစကားတွေကိုတရပ်စပ်ပြောနေရတာ ကျနော်ပင်ပန်းလိုက်တာ...။မောင်က ဝင်လာတဲ့ ဖုန်းကိုင်လိုက်ပြီးကျနော့်ဘက်ကိုလည်း ဒေါသတကြီးလှမ်းကြည့်နေခဲ့သည်။ကျနော်ထင်သလောက်ဆို ဒါ မောင့် ဖွားဖွားဆီကပဲဖြစ်လိမ့်မည်။



"ဟုတ်..ကျနော်အခုပဲ လာခဲ့ပါ့မယ် ဖွားဖွား"



ဖြောင်း...


ပူထူသွားတဲ့ ပါးတစ်ဖက်နဲ့ လည်ထွက်သွားတဲ့မျက်နှာကြောင့် ယွန်းဂီ အမြင်အာရုံတွေလည်းရုတ်တရက်ဝေးဝါးသွားသည်။နားကိုပါထိသွားတဲ့အတွက် နားထဲ တီ ဆိုတဲ့အသံတွေကအဆက်မပြတ်ထွက်လာသည်။


*ဟက်...ဒေါသကြီးတာလည်း မပြောင်းလဲပါလား မောင်..*


မောင် သူ့ကိုကြိမ်းဝါးသွားတဲ့စကားတွေကို သေချာမကြားလိုက်ပေမဲ့ ကောင်းမဲ့စကားတွေမဟုတ်ဘူးဆိုတာတော့ ယွန်းဂီ သိနေပါသည်။ထွက်သွားတဲ့မောင့် ကျောပြင်နောက်ကိုငေးကြည့်ရင်း အခုနထဲက အသည်းသန်တားမြစ်ထားတဲ့မျက်ရည်တွေကို စီးကျခွင့်ပေးလိုက်တော့သည်။

မတန်ဘူး..မောင်

ငါ မောင့်အတွက် ပေးဆပ်ခဲ့တာအတွက် ငါပြန်ရလိုက်တဲ့အရာတွေကမတန်ဘူး...

ဒီလိုတွေဖြစ်လာခဲ့မယ်မှန်းကြိုသိခဲ့မယ်ဆိုရင် ငါနတ်ဆိုးနဲ့အပေးယူမလုပ်ခဲ့ဘူး မောင်..

ငါ့ဘဝတစ်ခုလုံးကိုပုံမပေးခဲ့ဘူး မောင်ရယ်..



*
*
*
*
*
TBC..။

ဇာတ်ပို့ fic ပြီးရင်လာမဲ့ fic လေးပါ ဒါကအမြည်း 😘😘

Time Eroding Where stories live. Discover now