Part.1 ( Intro)

Mulai dari awal
                                        

အရင်ကလို နားကွင်းတွေကို မျက်နှာတစ်ခုလုံးရှုပ်ရှက်ခတ်အောင်ဝတ်ထားတတ်တဲ့ကောင်ဆိုးလေးမဟုတ်တော့ဘူးပဲ...။



"ကျနော့်ကိုဘာလို့တွေ့ချင်ရတာလဲ..ယွန်းဂီရှီ.."



*ယွန်းဂီရှီတဲ့လား...ဟက်...မောင်ကတကယ်ပြောင်းလဲသွားခဲ့တာပဲ...*



မောင်ကလက်ကနာရီကို တစ်ချက်ကြည့်ပြီး သူ့ကိုစိုက်ကြည့်လို့လာသည်။အချိန်တွေမရတဲ့အတွက် သူ့ကိုလည်း ပြောစရာရှိတာပြောပြီး အမြန်ပြန်စေချင်တဲ့ပုံစံပါပဲ..။

အေးလေ..မောင်က အောင်မြင်တဲ့စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီပဲ...။သူ့လို ရည်းစားဟောင်း တစ်ယောက်နဲ့အတူတူအချိန်တွေဖြုန်းနေလောက်တဲ့အထိ ဘယ်အားပါ့မလဲ...။

အဲ့ဒီတော့ သူ့ဘက်ကလည်းပြောစရာရှိတာအမြန်ပြတ်ပြတ်သားသားပြောရတာပေါ့..။ဒီလိုတွေ့ခွင့်ရအောင်လည်း အသည်းအသန်ကြိုးစားထားရတာဆိုတော့ အချိန်တွေဘယ်ဖြုန်းလို့ကောင်းမလဲ...။



"သားလေးကိုတာဝန်ယူပေးပါ ..ဂျောင်ကု.."




"ဘာ!!!..."




မျက်မှောင်တွေမကျုံ့လိုက်ပါနဲ့ ....မောင်..
ကျနော်အခုပြောလိုက်တဲ့စကားကိုလည်း ဘာမှထူးထူးဆန်းဆန်းတွေမတွေးလိုက်ပါနဲ့..။မောင်နဲ့ရထားတဲ့မောင့်ရဲ့ကလေးမို့ အဖေဖြစ်သူတစ်ယောက်အနေနဲ့တာဝန်ယူစေချင်တာပါ...။မောင် ဘာမှအံ့အော်နေစရာမလိုပါဘူး.။



"ကျနော့်ကိုလာနောက်နေတာလား..မင်းယွန်းဂီ"

ထင်ထားတဲ့အတိုင်း မောင်က တကယ်သွေးပျက်သွားတာပဲ.။လေသံတွေကမာလာပြီး မျက်နှာထားတွေကလည်း တင်းသထက်ပိုတင်းမာလာပြီ။ကြိုတင်ခန့်မှန်းထားပြီးသားအခြေနေဆိုပေမဲ့ တကယ်ကြုံ‌တွေ့
နေရတော့ ယွန်းဂီစိတ်ထဲမကောင်းပေ။


"ငါနောက်နေတာမဟုတ်ဘူး..မင်းက သားလေးရဲ့အဖေလေ..အဲ့ဒါကြောင့် သားကိုမင်းလက်ထဲ ထားချင်တာ နောက်နေတာမဟုတ်ဘူး"



"ခင်ဗျားရူးနေတာလား ကျနော်လက်ထပ်တော့မဲ့ကိစ္စကြောင့်ဒီလိုတွေလာလုပ်နေတာလား... ၁၀နှစ်လုံးပျောက်နေပြီးမှအခုမှဘာထဖြစ်နေတာလဲ"



Time Eroding Tempat cerita menjadi hidup. Temukan sekarang