"ကျေးဇူးတင်ပါတယ်"
တန်တန်က ရိုးသားစွာ ကျေးဇူးတင်လိုက်ပြီး အမြဲတမ်း ငြိမ်သက်နေသည့် သူ့မျက်နှာပေါ်တွင် အပြုံးရေးရေးလေး ပေါ်လာလေသည်။
ထိုအပြုံးလေးမှာ လေကို ကျောက်ခဲနှင့်ပေါက်သကဲ့သို့ပင် တစ်ခနအတွင်း ပျောက်ကွယ်သွားလေသည်။
ထျန်ယွီ့နှလုံးသားမှာ လျင်မြန်စွာခုန်လာလေတော့သည်။
"ကျေးဇူးတင်ပါတယ် ငါတို့က သူငယ်ချင်းတွေပဲ။ အတူတူ သွားကြည့်ကြရအောင်"
"သူငယ်ချင်းဆိုတော့ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် စောင့်ရှောက်ရမဲ့တာဝန် ရှိတယ်"
"သွားကြရအောင်"
တန်တန်သည် ထျန်ယွီနောက်မှ ကပ်လိုက်လာပြီး သူတို့နောက်ဖက် တစ်ဖက်တစ်ချပ်စီတွင်ကျန်သူများမှာ ကပ်လိုက်လာခဲ့လေသည်။ထျန်ယွီက သူ့ဖုန်းကို ထုတ်လိုက်ကာ ဖုန်းမှမီးအလင်းရောင်ဖွင့်လိုက်သော်လည်း မီး အလင်းရောင်မှာ သိပ်မမြင်ရပဲ ရှေ့အနည်းငယ်ကိုသာ လှမ်းမြင်ရလေသည်။
သူတို့နှစ်ယောက် အထဲသို့ရောက်လာသောအခါ သူတို့နောက်မှ ဂယောင်ခြောက်ခြားဖြစ်ဖွယ် ညင်သာသော ရယ်သံများ ထွက်ပေါ်လာလေသည်။
ပြတင်းပေါက်အပြင်ဘက်တွင် ညဉ့်ဦးလေများ တိုက်ခတ် လာသောအခါ ရယ်သံများမှာလည်း တစ်ဖန် ပြန်လည်ငြိမ်သက်သွားပြန်သည်။
Zawgyi:
"ဟေ့... ဘာဖြစ်လို့လဲ?"
ထျန်ယွမ်က ဒီကောင်လေး ဘာလို့ ရုတ်တရက် ထလာတာလဲ။ သူဘာလုပ်ချင်နေတာလဲကို သိချင်နေခဲ့တာ ဖြစ်သည်။
"ငါ အထဲဝင်ပြီး တစ်ချက်လောက် ကြည့်မလို့"
တန်တန်က အိမ်အိုကြီးထဲကို တကယ့်ကို ဝင်ရောက်ချင်နေတာ သိသာနေပေမဲ့ ဝင်ကြည့်မည်ဟုသာ ပါးစပ်က ပြောပြီး တကယ်တမ်းတွင်မူ ဘာမှမလုပ်ခဲ့ပေ။
"ခနစောင့် တစ်ယောက်တည်း မသွားနဲ့"
"ဒီမှာ ဘာဖြစ်ခဲ့လဲဆိုတာ မင်းသိလား"
ချန်နဉ်သည် မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှု ပေါင်းစုံနှင့် ဆိုလာလေသည်။သူ့ပုံစံမှာ တခြားသူတွေထက် နည်းနည်းပိုသိနေသလိုပုံပင် ပေါ်နေလေသည်။
YOU ARE READING
❤️🔥💀ခေါင်းတလားထဲက ငါ့ကောင်လေး🏚️🍂
HorrorGenres_ Bl, horror, Unlimited flow, thriller, ghost, skeleton, zombie
** Chapter ( 1 ) part 2 **
Start from the beginning
