Unicode:
"ဟေ့... ဘာဖြစ်လို့လဲ?"
ထျန်ယွမ်က ဒီကောင်လေး ဘာလို့ ရုတ်တရက် ထလာတာလဲ။ သူဘာလုပ်ချင်နေတာလဲကို သိချင်နေခဲ့တာ ဖြစ်သည်။
"ငါ အထဲဝင်ပြီး တစ်ချက်လောက် ကြည့်မလို့"
တန်တန်က အိမ်အိုကြီးထဲကို တကယ့်ကို ဝင်ရောက်ချင်နေတာ သိသာနေပေမဲ့ ဝင်ကြည့်မည်ဟုသာ ပါးစပ်က ပြောပြီး တကယ်တမ်းတွင်မူ ဘာမှမလုပ်ခဲ့ပေ။
"ခနစောင့် တစ်ယောက်တည်း မသွားနဲ့"
"ဒီမှာ ဘာဖြစ်ခဲ့လဲဆိုတာ မင်းသိလား"
ချန်နဉ်သည် မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှု ပေါင်းစုံနှင့် ဆိုလာလေသည်။သူ့ပုံစံမှာ တခြားသူတွေထက် နည်းနည်းပိုသိနေသလိုပုံပင် ပေါ်နေလေသည်။
"ဘာဖြစ်ခဲ့လို့လဲ?"
ဒီနေရာကို တစ်ဦးနဲ့တစ်ဦးမသိကြတဲ့ လူဆယ့်တစ်ယောက်အတူတူ ခရီးထွက်လာခဲ့ခြင်း ဖြစ်လေသည်။
အနည်းဆုံး ခရီးသွားတစ်ဝက်ကျော်လောက်က ဒီနေရာအကြောင်းကို အင်တာနက်ပေါ်မှ သိရှိခဲ့ခြင်း ဖြစ်လေသည်။ အင်တာနက်ပေါ်မှာ ဒီအိမ်အိုကြီးနဲ့ ပတ်သက်ပြီး ကောင်းကျိုးများသာ ဖော်ပြထားကာ မကောင်းသည့် အချက်များမှာ ဖုံးကွယ်ခြင်းခံထားရလေသည်။
အခုတော့ ချန်နဉ်ရဲ့မျက်နှာထားက လူတစ်ချို့ရဲ့ အာရုံစိုက်စရာဖြစ်လာခဲ့လေသည်။
"လွန်ခဲ့တဲ့ နှစ်လလောက်က လူတစ်ယောက် ဒီနားက တောင်တစ်ခုပေါ်တက်ခဲ့တာ။ ဒါပေမဲ့ အဲ့လူက ရုတ်တရက်ကြီး ဒီအိမ်အိုကြီးထဲမှာ ပျောက်သွားခဲ့ပြီး ပျောက်ရတဲ့အကြောင်းကိုလည်း ဘယ်သူမှမသိခဲ့ကြဘူး"
"ဒီနေရာက သူရဲ့ ဖုန်းအဆက်အသွယ်ရခဲ့တဲ့ နောက်ဆုံးနေရာလို့ ပြောကြတယ်"
"သူ့ကို ပြန်ရှာတွေ့သွားလားဟင်"
ပိုနီတေးဆံပင်နှင့် ကောင်မလေးက စိတ်ရှုပ်စွာ မေးလာခဲ့သည်။
"ဟင့်အင်း စောင်တစ်ထည်ကလွဲပြီး ဘယ်သူ့ကိုမှ ပြန်ရှာမတွေ့ခဲ့ဘူး"
ထိုစကားပြောပြီးပြီးချင်းပင် ချန်နဉ်က တန်တန်ကို လှည့်ကြည့်မိလိုက်လေသည်။ ထိုပျောက်ဆုံးသွားတဲ့ကောင်လေးမှာ တန်တန်ရဲ့ အချစ်ဦးကောင်လေးပင် ဖြစ်လေသည်။ သတင်းမီဒီယာတွေရဲ့တင်ပြချက်အရ သူတို့နှစ်ဦးမှာ မူလတန်းထဲက ရင်းနှီးလာခဲ့တဲ့ ဆက်ဆံရေးဖြစ်ပြီး နှစ်ဖက်မိသားစုသိတဲ့ အချစ်ရေးတစ်ခုကိုလည်း ပိုင်ဆိုင်ထားခဲ့တာ ဖြစ်လေသည်။
YOU ARE READING
❤️🔥💀ခေါင်းတလားထဲက ငါ့ကောင်လေး🏚️🍂
HorrorGenres_ Bl, horror, Unlimited flow, thriller, ghost, skeleton, zombie
