"ဒါကတော့ ကိုယ့်ရဲ့သဘောနဲ့ပဲဆိုင်တယ်လို့ ထင်တယ်။ တကယ်လို့ မင်းက အပြင်မှာအိပ်ချင်လည်း သဘောပါ။ တကယ်လို့ မင်းက မကြောက်လို့ အထဲမှာအိပ်ချင်ရင်လည်း မင်းရဲ့ သဘောပါ"
လုကျဲသည် သူ့ရဲ့ ပုံမှန်အသံအတိုင်း ငြိမ်သက်ခိုင်မြဲစွာနှင့် ပြောလာလေသည်။
သူ့အကြံပြုချက်ပေးပြီးပြီးချင်း လူတိုင်းက ခေါင်းညိတ်သဘောတူလာကြသည်။
ချန်နဉ်က သူ့စကားက လုကျဲစကားလောက် ထိရောက်မှုမရှိတာကြောင့် ဘာမှဝင်မပြောတော့ပေ။ ချန်နဉ်က လုကျဲကိုကြည့်လိုက်တဲ့အခါ လုကျဲက ဖော်ရွေတဲ့အပြုံးနဲ့ ပြန်ပြုံးပြလာသောကြောင့် မျက်မှောင်ကြုတ်မိလေသည်။
လုကျဲနှင့် တခြားသူတွေလည်း သူသိသလောက် သိသင့်တယ်လို့ ခံစားမိပေမဲ့ တစ်ဖက်လူက စကားများများ ပြောမလာသောကြောင့် ချန်နဉ်လည်း ဘာမှထပ်မပြောတော့ချေ။ ချန်နဉ်က သူ့ပါးစပ်ကို ထပ်ဟဖို့ မစဉ်းစားတော့ချေ။
"ဘာပဲဖြစ်ဖြစ်ကွာ"
ဒီလူတွေက စူးစမ်းချင်နေရင်လည်း ထားလိုက်ပါတော့။ ဒါပေမဲ့ သူကတော့ သူ့အသက်ကို နှမြောနေဆဲ ဖြစ်သည်။
လူတိုင်းမှာ ကိုယ်ပိုင်ရွက်ဖျင်တဲတစ်ခုစီ ပါလာသောကြောင့် ချန်နဉ်ထလိုက်ပီး အပြင်ဘက်မှာ ရွက်ဖျင်တဲကို တပ်ဆင်လိုက်လေသည်။
သူတို့တွေ ဆွေးနွေးနေဆဲတစ်လျှောက်မှာ တန်တန်ဟာ သူ့ရဲ့ကိတ်မုန့်ကို တစ်လျှောက်လုံးကိုင်ထားပြီး စကားလုံးအနည်းငယ်သာ ဝင်ပြောခဲ့ရာ ကိုယ်တစ်ကိုယ်လုံးမှာ တခြားသူတွေနဲ့ များစွာ ကွဲထွက်နေခဲ့သည်။
သူ့မှာ တကယ့်ကို လှပတဲ့မျက်နှာလေး ရှိနေပေမဲ့ သူ့ကိုသာအာရုံမစိုက်မိရင် လူတိုင်းရဲ့ မျက်လုံးအောက်မှ ကွယ်ပျောက်သွားတော့မလိုပင်ခံစားရပြီး တကယ့်ကို ထူးဆန်းလှလေသည်။
"ခနလောက် ဆက်သွားကြရအောင်"
ထျန်ယွီဟာ သူရပ်လိုက်ရင်တောင် တန်တန်ကသူ့စကားကိုနားထောင်မှာ မဟုတ်ဘူးလို့ ခံစားရတဲ့အတွက် ဘာတွေဖြစ်နေတာလဲဆိုတာ သိရဖို့ အတူတူ အထဲကို လိုက်ဝင်သွားကြည့်လေသည်။
YOU ARE READING
❤️🔥💀ခေါင်းတလားထဲက ငါ့ကောင်လေး🏚️🍂
HorrorGenres_ Bl, horror, Unlimited flow, thriller, ghost, skeleton, zombie
** Chapter ( 1 ) part 2 **
Start from the beginning
