** Chapter ( 1 ) part 2 **

Start from the beginning
                                        

"ဟင့်အင်း ငါ ဘာမှရှာမတွေ့ဘူး"

"ဒီလို ကောလာဟလတွေတော့ နေရာတိုင်း ရှိနေမှာပဲလေ"

"ဒီတိုင်းထားလိုက်ပါတော့ ငါတို့ကျောင်းကတောင် သုသာန်တစ်ခုပေါ်မှာ ဆောက်ထားတာပဲမဟုတ်ဘူးလား"

"ချန်နဉ် ငါတို့ရဲ့ အိပ်ဆောင်... deyu အဆောက်အအုံလေ...

မှတ်မိတယ်မလား? အဲ့မှာနေတဲ့ ဘယ်သူမဆို အဆောက်အအုံရဲ့ ကြမ်းပြင်အပြည့် ဒြပ်ကြီး ငါးပါးနဲ့ ရှစ်ပါးသောပြပုံတွေနဲ့ ဆောက်ထားတာ သိကြတယ်လေ။ အဲ့တာက အောက်ကအဲ့အရာတွေကိုဖိနှိပ်ဖို့ ဆောက်ထားတာလို့ ပြောကြတယ်လေ..."

"နှစ်တိုင်းလိုလို ကျောင်းရဲ့အိပ်ဆောင်ကနေ ခုန်ချတဲ့ကိစ္စတွေ များနေခဲ့တာ။ ကောလာဟလတွေ အမျိုးမျိုးထွက်လာပေမဲ့ ငါတို့တော့ ပုံမှန်လိုပဲ နေခဲ့ကြတာ မဟုတ်ဘူးလား"

"မင်းက လူယုတ်မာပဲ"

"ကောင်းပြီလေ မင်းကြောက်ရင် အပြင်မှာသွားအိပ်လို့ရတယ် ။တခြားသူတွေကတော့ နေရဲမယ်ထင်တယ်"

ထျန်ယွီအဖွဲ့ထဲက ကောင်မလေးတွေကို ကြည့်လိုက်တဲ့အခါ အဖွဲ့ရဲ့ လူဆယ့်တစ်ယောက်ထဲ မိန်းကလေးသုံးယောက်ပါပြီး ပူးကပ်ထိုင်နေကြကာ အလွန်ကြောက်နေပုံ ပေါ်နေလေသည်။

ချန်နဉ် ဘာလို့ ဒီလောက်ကြောက်လန့်နေတာလည်းဆိုတာ သူ နားမလည်နိုင်ခဲ့ဘူး။

"ထျန်ယွီ ငါ မလိမ်ပါဘူး ဒီမှာ တကယ် မကောင်းဆိုးဝါးရှိတယ်"

ဒီစကားကို မပြောလိုက်မိရင်တောင် ပိုကောင်းဦးမယ်။ ပြောပီးတဲ့အခါ ချန်နဉ် သူ့ဘေးနား လေအေးတစ်ချက် ဖြတ်သန်းသွားတာကို ခံစားမိလိုက်လေသည်။

"သူပြောတာကို ငါ ယုံတယ်"

"မရှိဘူးဆိုပြီး နေတာထက်စာရင် သတိထားတာကတော့ ပိုကောင်းတာပေါ့လေ"

အမြဲနားစွင့်နေပုံရသော လုချန်ကလည်း ချန်နဉ်ရဲ့စကားလုံးများကို မမျှော်လင့်ပဲ ထောက်ခံလာလေသည်။

"ငါတို့ သတိတော့ ထားသင့်တယ်။ ဘာပဲ ဖြစ်ဖြစ် ဒီနေရာကို ဘယ်သူမှ ရောက်ဖူးကြတာလဲ မဟုတ်ဘူးလေ"

❤️‍🔥💀ခေါင်းတလားထဲက ငါ့ကောင်လေး🏚️🍂Where stories live. Discover now