** Chapter ( 1 ) part 2 **

Start from the beginning
                                        

"ဟော နောင်တစ်ပတ်လည်းကြာရော သူ ဆေးရုံပေါ်မှာပဲ သေသွားခဲ့တယ်"

"သူရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ကြတဲ့ အခါ သူက လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ သေဆုံးသွားခဲ့တာတဲ့။ ပြီးတော့ သူ ဒီဆေးရုံကို ဘယ်လိုရောက်အောင်လာနိုင်ခဲ့လဲဆိုတာ ဘယ်သူမှ အဖြေမထုတ်နိုင်ခဲ့ဘူး"

"ဇာတ်လမ်းတွေကို ဖန်တီးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒါတွေက တကယ်သာဆို လူတိုင်းသိနေရမှာ မဟုတ်ဘူးလား"

"ဒီတိုင်းပြောရအောင်လည်း ဆောက်လုပ်ရေးအဖွဲ့က ဒီအိမ်ကြီးကိုရွှေ့ဖို့အတွက် ရောက်လာခဲ့ပေမဲ့ စီးလာတဲ့ကားတွေက လမ်းမှာတင် မတော်တဆမှုတွေနဲ့ ကြုံတွေ့ခဲ့ကြရတယ်"

"သူတို့တွေက မိုင်းတွေနဲ့ရောက်လာတာတောင် အိမ်ကြီးက မပေါက်ကွဲတဲ့အပြင် ဘာမှမဖြစ်သွားခဲ့ဘူးလေ။ အဲ့ဒီအစား ဆောက်လုပ်ရေး အလုပ်သမားတွေပဲ တစ်ခုပြီးတစ်ခု မတော်တဆမှုတွေနဲ့ ကြုံတွေ့ခဲ့ကြရတာ"

"ဒါတွေက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့တာပေမဲ့ အခုတော့ ဒီနေရာကစွန့်ပစ်ခံထားရပြီ"

"ငါတို့ရဲ့ လုံခြုံရေးအတွက် ငါတို့ အပြင်မှာအိပ်တာ ပိုကောင်းမယ်ထင်တယ်"

ချန်နဉ်က သူသိသမျှ အကုန်ပြောပြပြီးနောက် တစ်ယောက်ယောက်ကတော့ သူနဲ့အတူ လိုက်ထောက်ခံပေးမယ်လို့ မျှော်လင့်ထားပေမဲ့ လူတိုင်းက မယုံကြည်တဲ့ပုံသာ ပေါ်နေလေသည်။

"မင်းမယုံရင် မင်းရဲ့ဖုန်းမှာ တစ်ချက်ရှာကြည့်လေ"

ဘယ်သူမှယုံတဲ့ပုံမပေါ်နေလို့ ချန်နဉ်ဟာ သူတို့ကို သူတို့ကိုယ်တိုင် ဖုန်းထဲမှာ ရှာဖွေစေခဲ့လေသည်။ တစ်စုံတစ်ယောက်က ဖုန်းကိုတစ်ကယ်ထုတ်ပြီး တည်နေရာကို စစ်ဆေးကြည့်သောအခါ သူတို့ရဲ့ဖုန်းလိုင်းများမှာ ပျောက်နေကြောင်း တွေ့ရှိခဲ့ရလေသည်။

"လိုင်းမရတော့ဘူး"

"ဘာလိုဖြစ်တာလဲ"

"ခုနကတောင် ရနေသေးတာမလား"

မျက်မှန်တပ်ထားတဲ့ကောင်လေးက အိမ်ပြင်ကို ထွက်ကြည့်လိုက်ရာ ဖုန်းလိုင်းနည်းနည်း ပြန်ရတာကို တွေ့ရလေသည်။ ဒါပေမဲ့ ဒီဖုန်းလိုင်းနဲ့ ဘာကိုမှရှာကြည့်ရန် အဆင်မပြေလှပေ။

❤️‍🔥💀ခေါင်းတလားထဲက ငါ့ကောင်လေး🏚️🍂Where stories live. Discover now