ထျန်ယွီကတော့ တစ်ယောက်တည်း လမ်းပျောက်သွားမှာနဲ့ ပတ်သက်ပြီး ဘာမှတွေးပူနေပုံ မပေါ်လေဘူး။
ဒီမသေချာတဲ့အရာတွေကို တွေးပူနေမဲ့အစား ထျန်ယွီကတော့ တန်တန်ရဲ့ မတည်ငြိမ်တဲ့ စိတ်အခြေအနေကိုသာ ပိုပြီး စိုးရိမ်နေလေသည်။
ထျန်ယွီဟာ တန်တန်ရဲ့ လက်ရှည်နှင့် ဖုံးထားသော လက်ကောက်ဝတ်ကို ရှင်းလင်းစွာ မြင်နေရလေသည်။ ဆလင်ဒါပုံစံ ဖြူဖွေးသွယ်လျလှသော လက်ကောက်ဝတ်လေး၌ ကြောက်စရာ ကောင်းသော အမာရွတ်များနှင့် နီရဲနေသော ဒဏ်ရာများနှင့် ဖုံးလွှမ်းထားလေသည်။ ဒါပေမဲ့ တန်တန်ရဲ့ မျက်ဝန်းတွေမှာတော့ မဲမှောင်နေပြီး သူ့အသက်အပါအဝင် ဘာကိုမှ ဂရုစိုက်ပုံပေါ်မနေဘူး။
ဒါက သူတို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သော်လည်း လူတိုင်းက တန်တန်ကို စာနာ နားလည်ကြလေသည်။
ဒါပေါ့... သူလည်း တန်တန်ရဲ့ မျက်နှာလှလှလေးကြောင့် တန်တန်နဲ့ ရင်းနှီးချင်တာဆိုတာကိုတော့ ဝန်ခံရပါမယ်။
ဒါပေမဲ့ အခု လူတိုင်းက ဘာမှမပြောဘဲ ထိုင်နေကြတာကြောင့် အကာအကွယ်ပေးသူတစ်ယောက်အဖြစ် စပြီး လုပ်ဆောင်လိုက်တာလည်း မဆိုးပါဘူး။
"နောက်ထပ်ရော ဘာရှိသေးလဲ?"
"မင်းတစ်ခါတည်းနဲ့ အပြီးပြောလို့မရဘူးလား?"
ဖြစ်လာလေသည်။
အချိန်အတော်ကြာအောင် စကားပြောခဲ့သော်လည်း အဖြေ ထွက်မလာခဲ့သေးပေ။
"အဲ့မှာ ပျောက်နေတာ တစ်ယောက်တည်းပဲလား? ပျောက်နေတဲ့သူ ထပ်ရှိသေးလား?"
ထျန်ယွီက သာမန်ပဲမေးလိုက်ပေမဲ့ ချန်နဉ်မှာ ခေါင်းထပ်ညိတ်လာလေသည်။
"လွန်ခဲ့တဲ့နှစ်ဝက်လောက်တုန်းက ဒီနေရာမှာ လူငါးယောက်က တစ်ည အိပ်ခဲ့ကြတယ်။ နောင်တစ်နေ့မိုးလင်းတော့ လူလေးယောက်က ပျောက်သွားပြီး တစ်ယောက်ပဲ ဒီနေရာမှာ ကျန်ခဲ့တယ်လေ"
"အဲ့တစ်ယောက်ကိုတောင် မြေအောက်ခန်းမှာ ရှာတွေ့ခဲ့တာ။ သူ့ကို ရှာတွေ့တဲ့အချိန်ကဆို သူ့တစ်ကိုယ်လုံးက ဒဏ်ရာတွေနဲ့ ပြည့်နေတာ... မသိရင် တောရိုင်းအကောင်တစ်ကောင် အကိုက်ခံထားရသလိုပဲ။ သူ့ကို ဒီမှာ ဘာတွေဖြစ်ခဲ့လဲ ပြန်မေးတော့ သူက ဘာမှမမှတ်မိတော့ဘဲ မှတ်ဉာဏ်ပျောက်သွားသလို ဖြစ်နေခဲ့တာလေ"
ESTÁS LEYENDO
❤️🔥💀ခေါင်းတလားထဲက ငါ့ကောင်လေး🏚️🍂
TerrorGenres_ Bl, horror, Unlimited flow, thriller, ghost, skeleton, zombie
** Chapter ( 1 ) part 2 **
Comenzar desde el principio
