** Chapter ( 1 ) part 2 **

Start from the beginning
                                        

"ငါ့အပြစ်ပါပဲ ငါသူ့မွေးနေ့ကို မေ့သွားခဲ့တယ်လေ"

တန်တန်က ထိုစကားကို ရယ်မောရင်း ပုံမှန် အသံနဲ့ပြောလာပေမဲ့ လူတိုင်းက သူ ရယ်နေတာ ရပ်သွားဖို့ မျှော်လင့်နေကြလေသည်။

ဝမ်းနည်းမှု ပြည့်နှက်နေသော ထိုမျက်နှာမှာ နောက်တစ်မိနစ်အတွင်း ငိုချလိုက်တော့မည့်ပုံ သက်ရောက်နေခဲ့လေသည်။

"ငါ ... ငါ မင်းကို မဝေဖန်ခဲ့သင့်ပါဘူး" ထျန်းယွီက ပြောလိုက်လေသည်။

အသက်နှစ်ဆယ်ကျော်ပုံ မပေါ်သေးသည့် ငယ်ငယ်ရွယ်ရွယ် မုဆိုးဖိုလေးက သူ့ရှေ့မှာ ချစ်သူကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းမှုများစွာနှင့် ရပ်နေခဲ့သည်။

ထျန်ယွီဟာ တန်တန်ဘာလို့ အနက်ရောင်ဝတ်စုံကို ဝတ်ထားတာလဲဆိုတဲ့အကြောင်းကို သေချာ သိသွားပြီ ဖြစ်လေသည်။ တန်တန်ဟာ ဝမ်းနည်းကြောင်းဖော်ပြရန် ဝတ်ထားခြင်း ဖြစ်လေမည်။ ထိုအရာကို တွေးကြည့်ရင်း ထျန်းယွီသည် မသနားပဲ မနေနိုင်တော့ပေ။

"ငါ မင်းနဲ့အတူ လိုက်ဝင်ပါရစေ ဒီမှာ အရမ်းမှောင်နေပြီ"

ထျန်ယွီဟာ တန်တန်တစ်ယောက်တည်း အိမ်အိုကြီးထဲဝင်သွားမည်ကို အလွန်ပင်စိုးရိမ်နေခဲ့လေသည်။

"ငါ ခုနက ပြောနေတာ မပြီးသေးဘူး"

ထျန်ယွီက သူ့လက်တွေကို ဆန့်ထုတ်ပြီး တန်တန့်လက်တွေကို ကိုင်လိုက်သည်နှင့် တန်တန်က သူ့ခေါင်းကို အသာအယာခါလိုက်ပီး ထျန်ယွီကို မျက်ဝန်းများနှင့် သတိပေးလိုက်လေသည်။

ထျန်ယွီမှာ ဒါကဘာလဲဆိုတာမသိဘဲ ဝင်သွားခဲ့သည်။ ဒါက စွန့်ပစ်ခံထားရတဲ့ အိမ်အိုကြီး သက်သက်ပဲ မလား။ တခြား ဘာဖြစ်နိုင်သေးလို့လဲ။

ဒီနေရာမှာ တစ်ယောက်ယောက် ပျောက်သွားတယ်ဆိုလို့ သေချာအောင် ရှာပေးခဲ့ပေမဲ့ ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ဘူး။ ဖြစ်နိုင်တာကတော့ ပျောက်သွားတဲ့သူက ဒီနေရာကို ဖြတ်သွားတဲ့ အချိန်မှာ ဖုန်းလိုင်းပျောက်သွားတာနေမယ်။ ဒါကြောင့် ဘာသဲလွန်စမှ မတွေ့ရတာဖြစ်မယ်။

တကယ်လို့ ထျန်ယွီ ထွက်သွားရင်ရော ဒီလမ်းကို ဖြတ်ပီးရင် ဂူထဲပိတ်မိနေမှာလား။ ချောက်ကမ်းပါးအစွန်းကနေ ပြုတ်ကျလာမှာလား။

❤️‍🔥💀ခေါင်းတလားထဲက ငါ့ကောင်လေး🏚️🍂Where stories live. Discover now