သူ့ကောင်လေးက တန်တန့်ကို လွန်ခဲ့ရက်ကပဲ လက်ထပ်ခွင့်တောင်းခဲ့ပြီး သူတို့တွေက လက်ထပ်ဖို့ရက်တောင် ရွေးခဲ့ကြပြီးမှ ဒီပျောက်ဆုံးမှုက မထင်မှတ်ပဲ ဖြစ်ပွားခဲ့တာ ဖြစ်လေသည်။
သူ့ကောင်လေး ပျောက်သွားသဖြင့် လက်ထပ်ပွဲလည်း ဆက်မကျင်းပနိုင်ခဲ့တော့ပေ။ နဂိုက သူ့ဘာသာပျော်ရွှင်နေတဲ့သူလည်း တစ်ခနလေးနဲ့ မုဆိုးဖိုအဖြစ် ပြောင်းသွားခဲ့လေသည်။
ချန်နဉ်က သူ့နှုတ်ခမ်းကို ပွတ်လိုက်ပီး ရုတ်တရက် ဝမ်းနည်းသွားသလို ခံစားလိုက်ရတယ်။ သူ့ဆီမှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိရင်တောင်မှ တခြားသူတွေရဲ့ နာကျင်မှုကို ခေါင်းစဉ်တစ်ခုအဖြစ် မပြောခဲ့သင့်ဘူး။
တန်တန်က သူ့ရဲ့မျက်ခွံများကို အနည်းငယ်မြှင့်လိုက်ပြီးမှ အနည်းငယ်ပြန်ပြီး နှိမ့်ချလိုက်လေသည်။
တန်တန်က အဲ့နေရာလေးမှာပဲ လုံးဝမလှုပ်မရှား ငြိမ်သက်စွာ ထိုင်နေတာကြောင့် ချန်နဉ်က သူ တန်တန်ရှိသယောင် အမြင်မှားမိတာလားလို့ ထင်မိခဲ့ပေမဲ့ အခု တန်တန် သူ့ကိုကြည့်လိုက်တဲ့ အကြည့်မှာ ဝမ်းနည်းမှုများနှင့် နာကျင်မှုများ ပြည့်နှက်နေပြီး မျက်ဝန်းထဲတွင် မျက်ရည်စများကိုပင် တွေ့နေရလေသည်။
မျက်နှာပေါ်တွင် မျက်ရည်စများ မရှိသော်လည်း နှလုံးသားထဲတွင် ပူဆွေးမှုတို့ ပြည့်နှက်နေပုံပေါ်လေသည်။
ချန်နဉ် မျက်ဝန်းထဲတွင် အားနာရိပ်တို့ ဖုံးလွှမ်းလာပြီး ထိုကောင်လေးကို ချက်ချင်းပင် တောင်းပန်ချင်လာလေသည်။
ထိုအချိန်တွင် တန်တန်မှ ရုတ်တရက် ထရယ်လိုက်လေသည်။
ထိုမထင်မှတ်ထားသည့်ရယ်သံက ကျန်တဲ့ လူ ဆယ်ယောက်ကို တစ်ခနအတွင်း ကြောင်အမ်းသွားစေလေသည်။
"သူပြောနေတဲ့တစ်ယောက်က ငါ့ကောင်လေးပဲ။ပြီးတော့ ဒီနေ့က ငါ့ကောင်လေးမွေးနေ့လေ"
"ငါ သူ့မွေးနေ့ကို မေ့တော့မလို့ပဲလေ။ ဒါပေမဲ့ ချီယန်က သူ့အတွက်သူ ပြန်မှာထားပေးတဲ့ ကိတ်ကို ဒီမနက်မှ ငါရလိုက်တာ။ သူက ကိတ်မုန့် မှာထားတာ ငါ့ကို မပြောခဲ့ဘူးလေ။ ကိတ်မုန့် ငါ့ဆီ မရောက်လာခင်ထိ ငါ ဘာမှ မသိခဲ့ဘူး"
YOU ARE READING
❤️🔥💀ခေါင်းတလားထဲက ငါ့ကောင်လေး🏚️🍂
HorrorGenres_ Bl, horror, Unlimited flow, thriller, ghost, skeleton, zombie
** Chapter ( 1 ) part 2 **
Start from the beginning
