MGFA

659 70 6
                                        


My Green Forest……Alpha

တဖြေးဖြေးချင်း တိုးကပ်မိနေတဲ့အစွန်အဖျား
တစ်နေရာ။ ကြောက်စိတ်က တစ်ကိုယ်လုံးကို
တုန်လှုပ်နေစေသည်အထိ။ တင်းကြပ်နေတဲ့
လည်ပင်းတစ်နေရာကြောင့် အသံတောင်မ
ထွက်နိုင်။ ကြိုးစားပြီး ထွက်လာတဲ့အခါ လှိုင်းတွန့်နေသလို အသံတို့ဟာ တုန်ရီလျက်။

“ မင်းပြောတဲ့ ရစ်ခီဆိုတဲ့လူကိုလဲ ငါမသိဘူး
အင့် …နာမည်ကိုတောင် ငါအခုမှကြားဖူးတာ
ဘယ်ရည်ရွယ်ချက်နဲ့ အဲ့ကောင်ကငါ့ကိုချောက် တွန်းတာလဲ မသိပေမယ့်…. မင်းပြောသလို မင်း…..ရည်းစားကို ဖြတ်ခုတ်‌လောက်တဲ့ထိ ငါအောက်တန်းမကျဘူးဆိုတာသိထား..အာ့ ”

ထယ်ရယ့်စကားအဆုံးမှာ ပိုမိုတင်းကြပ်လာ
တဲ့လက်ဖဝါး။ နောက်ပြီး ထယ်ရယ့်လက်နှစ် ဖက်ကို ဖမ်းချုပ်ထားတဲ့လက်တွေကလဲ ပိုလို့ ရုန်းရခက်လာတယ်။ ဒီအခြေနေကို ဘယ်လို
ရင်ဆိုင်ဖြတ်ကျော်ရမလဲ ထယ်ရယ်မသိ။
ထယ်ရယ့်ဦးနှောက်ထဲလဲ အရာအားလုံး ဗလာနတ္ထိဖြစ်နေတယ်။

သူမက ထယ်ရယ့်အား စူးစူးဝါးဝါး ကြည့်လျက်…

“ ဒါမျိုးတွေက ရိုးနေပြီဂင်ထယ်ရယ်…. ရစ်ခီ့
ပါးစပ်ကနေ နင်က သူ့ချစ်သူပါလို့ပြောလာတဲ့အချိန် ငါ့ရင်ထဲဘယ်လောက်တောင် ပူလောင်သွားရလဲ သိလားဟမ်?! ငါ့ကိုပယ်ပြီး နင့်ကိုရွေးချယ်စရာ ဘာအကြောင်းမှရှိမနေတာကိုရစ်ခီက နောက်ဆုံးတော့ နင့်ကိုရွေးခဲ့တယ်ငါနင့်ကိုသိပ်မုန်းတာပဲ ဂင်ထယ်ရယ်ရဲ့ !! ”

ဖြောင်း!!!!

သူမရဲ့ ကျန်ရှိနေတဲ့ လက်ဖဝါးတစ်ဖက်က ထယ်ရယ့်ပါးပြင်ပေါ်သို့ ရုတ်ချည်းကျရောက်လာတယ်။ မိန်းကလေးဆိုတိုင်း အလျှော့ပေးထားတာကို ရောင့်တက်တဲ့ မိန်းမ။ လူအင်အားချင်းမမျှလို့ ထယ်ရယ်ငြိမ်ခံနေရပေမယ့် ထယ်ရယ့်မေမေကတောင် မထိရက်မကိုင်ရက် ထားခဲ့တဲ့ ပါးပြင်ပေါ် ရိုက်ချက်ပျင်းပျင်းနဲ့ ရန်စလာ
တဲ့အခါ ထယ်ရယ့် ယောကျာ်းမာနတွေက ထိန်းမနိုင်တော့။

တစ်ဖက်ကို လွှဲသွားရာမှ ထိုမိန်းကလေးထံ စေ့စေ့ကြည့်ရင်း….

“ အဲ့တာတွေကြောင့် မင်းပြောတဲ့ ရစ်ခီက မင်းကိုပစ်ပြီး ငါ့ကိုရွေးတာပဲ ဖြစ်မယ် ဟက် ”

My Green Forest ~~~~ Alpha _OneShort Collection (Ricky×Taerae)Where stories live. Discover now