သွေးနန်းရှင် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သိုးတောင်တန်းဒေသကို သုတေသနခရီးပြုရာကနေ ဒီပုံပြင်လေး အစပြုပါတယ်...
ရည်ရွယ်ချက်ရှိရှိ သိုးတောင်တန်းနယ်မြေကို ခရီးပြုခဲ့ပါရဲ့၊ မရည်ရွယ်ပါဘဲနဲ့ ဝိန်းဇင်သောင် ဆိုတဲ့ လူသားတစ်ယောက်ရင်ဘတ်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက် ခရီးပေါက်သွားခဲ့ပါတယ်။
ဝန်းဇင်သောင်..... ဝိန်းဇင်သောင်
ငွေရောင်ဆံနွယ်ပိုင်ရှင်၊ ထူးခြားတဲ့ အစိမ်းရောင်မျက်လုံးပိုင်ရှင်၊ နောက်ပြီး အရမ်းလှတဲ့ပန်းခင်းကြီးကို ပိုင်ဆိုင်ထားသူပေါ့။
လူအရောက်အပေါက်နည်းတဲ့ သိုးတောင်တန်းဒေသခံ လူတွေအတွက်ကတော့ ဝိန်းဇင်သောင် ရဲ့ပုံပန်းသဏ္ဍာန်က အဆန်းဖြစ်နေတယ်၊ ကပြားဆိုတဲ့ နာမ်စားကို နားမလည်တဲ့ ဒီဒေသခံတွေက သူ့ကို "အစိမ်းရောင် စုန်းထီး" လို့ ကင်ပွန်းတပ်ကြတယ်။
ဒီလိုနဲ့ပဲ ဝိန်းဇင်သောင်နဲ့ သွေးနန်းရှင်တို့ရဲ့ ဖြစ်ကြောင်းဟာ "စုန်းထီးကြီးနဲ့ နယ်ခြားသူမိန်းမလှလေး" ခေါင်းစဉ်တဲ့ လူတွေပြောစမှတ်တွင်ခဲ့တယ်
သြော် လူတွေရယ်
______
Zawgyi
ငွေရောင်ဆံနွယ်ပိုင်ရှင်၊ ထူးခြားတဲ့ အစိမ်းရောင်မျက်လုံးပိုင်ရှင်၊ နောက်ပြီး အရမ်းလှတဲ့ပန်းခင်းကြီးနဲ့ ပိုင်ဆိုင်ထားသူပေါ့။
သြော် လူတွေရယ်
YOU ARE READING
"စုန်းထီးကြီးရဲ့ မိန်းမလှလေး" တဲ့
Romance"ငါတို့ဆရာက တောနက်ထဲက ကျားကြီးလိုပဲကွာ" "ဘယ်ကသာ စုန်တောချောင်းက ပေ ၂၀ မိချောင်းထက်တောင် ကြောက်ဖို့ကောင်းတာကို" "ဟ! အဲ့ထက်ဆိုးတယ် ဟျောင့်တွေ၊ ငါတော့ ဆရာ့ကိုကြည့်မိတိုင်း မြွေနဂါးကိုကြည့်မိသလိုပဲ ကြောက်တယ်ဆိုတာ" "ထားတော့ ငြင်းမနေနဲ့တော့ သေချာတာက တို့ဆ...
