Red String : Part 2 (Z/U)

Start from the beginning
                                        

ထို့နောက် Mook က ဆက်ပြောလေသည်။

"ဒါပေမဲ့ အစ်မတို့ ရဲ့ စမ်းသပ် မှုတွေ အောင်မြင်မှ အစ်ကိုတို့ အစ်မတို့ အကြောင်းကို သိရမှာပါ"

"ဒါကြောင့် အစ်ကိုတို့က ကြိုဆိုဖို့ အဆင်သင့်မို့ ညီလေး ညီမလေးတို့က လာမိတ်ဆက်ဖို့ မျှော်လင့်ပါတယ်"

Mook နဲ့ Est အပြောပီးနောက် Daou က ဆက်လက်ပြောကြားလေသည်။

"ကြိုဆိုပွဲပီးရင်တော့ အစ်ကိုတို့ အင်ဂျင်နီယာဌာန ရဲ့ အလေးအနက်ထားရာ ပစ္စည်းကို ညီတို့ ညီမတို့ကို ပေးအပ်မှာပါ.....ဒီနေ့တော့ ဒီလောက်ပါပဲ အကုန်လုံး လဲ ပင်ပန်း နေလောက်ပီမို့ ဒီနေ့တော့ ဒီလောက်နဲ့ အဆုံးသတ်ပါ့မယ် အိမ် ပြန်လို့ရပါပီ ခဗျ"

"Yayyyy"

Daou ဆီက အိမ် ပြန်လို့ရပြီဟု ကြားရပြီးသည့်နောက် ကလေးတွေက ပျော်ရွှင်မြူးထူးစွာ အော်ဟစ်ကျလေသည်။ သူတို့ အုပ်စု လဲ လုပ်စရာ တာဝန်တွေ ပြီးမြောက်ပြီမို့ ထိုနေရာက ထွက်လာခဲ့ကြလေသည်။

Daou မသိ မမြင် ရလိုက်တာက Mask အောက်က ပြုံးနေတဲ့ နှုတ်ခမ်းလေးကိုပေါ့....

#########################

"ဦးလေး အိမ်မြန်မြန် မောင်းပေးပါ"

"အစ်ကိုလေး ဘာဖြစ်လို့လဲ"

"ကျွန်တော် အိမ် မြန်မြန် ပြန်ချင်လို့ပါ"

"ဟုတ်ကဲ့ပါ"

Offroad ကျောင်းက ပြန်လို့ရပီဆိုတာ နဲ့ Pond ကို ခပ်မြန်မြန်နှုတ်ဆက်ပြီး သူကို လာကြိုတဲ့ ကားဆီ အလျင်အမြန် ပြေးသွားလေသည် အဘယ်ကြောင့်ဆိုသော် သူ့ အိမ်က ပန်းချီ ခန်းလေးဆီ သူ အမြန် သွားချင်ခြင်းကြောင့်သာ ဖြစ်လေသည်။

"သားငယ် ပြန်လာပီလား"

"ဟုတ်"

"ကလေးငယ် ဖြေးဖြေးပြေးကွယ် ချော်လဲမယ်'

Offroad မေမေ တားလဲ တားချင်စရာပါ ဘာလို့ဆို ကားပေါ်က ဆင်းထဲက ကသောကမျောပြေးလွှား နေပြီး အခုလဲ လှေကားထစ်တွေ ကို ကျော်တက်နေမိပြန်သည်။

အခန်းတံခါးရှေ့ အရောက် သူ ခဏ အမောဖြေပီးနောက် ထိုအခန်းထဲ သို့ဝင်ရောက်ခဲ့သည်။

ထို အခန်ငယ်လေးထဲတွင် လူတစ်ယောက်ရဲ့ ပန်းချီ တွေနဲ့ သာ ပြည့်နှက်နေသော အခန်းဖြစ်လေသည်။

ထို့နောက် ပန်းချီကားချပ်ကြီး တခုရှေ့ သူ မတ်တပ်ရပ်မိပီးနောက် Offroad မျက်ရည်တွေ စီးကျလာရပြန်သည်။

ထိုပန်းချီကားချပ်တွင် ထိုင်းရိုးရာ ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က သူ့လက်ထဲတွင် တရုတ်စကားပန်းလေးကို ကိုင်ထားပြီး မျက်ဝန်းတွေမှာတော့ ချစ်ခြင်းမေတ္တာတွေ ထင်ဟပ် ပေါ်လွင်နေလေသည်။

Offroad သူ့မျက်ရည်တွေက်ု လက်ခုံနဲ့ ဖယ်ထုတ်ပြီးနောက် ထို ပန်းချီကားနား တိုးကပ်သွားလိုက်လေသည်။



Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


(ဒီပုံလေးကို Daou. တစ်ယောက်ထဲ ပန်းချီကားမျိုးပုံစံ မြင်ကြည့်ပေးပါနော်)

"လွမ်းလိုက်ရတာ အစ်ကိုရယ် ကျွန်တော့ ကို မှတ်မိပါဦးမလား အရင်တုန်းကလိုပဲ တစ်ယောက်ထဲ ထားခဲ့ဦးမှာလားဟင် ကျွန်တော် အရမ်းလွမ်းနေခဲ့ရတာပါ"

"နောက်ဆုံးတော့ မိုးကောင်းကင်က ကျွန်တော့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပီ ကျွန်တော် နေ့တိုင်း ဆုတောင်းတာတွေကို ကြားနေပုံပဲ အစ်ကို့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ပို့ပေးလိုက်တာ"

Offroad ပန်းချီကားကို လက်နဲ့ ခပ်ဖွဖွထိပြီး တီးတိုးရေရွတ်မိတယ်။ ပါးပြင်ပေါ် တသွင်သွင် စီးကျနေပေမယ့်  မျက်ရည်တွေကို သူ မသုတ်ဖြစ်ခဲ့ဘူး။

တချို့သော မျက်ရည်တွေက အစ်ကို သုတ်ပေးမှ ခြောက်မှာမို့ပါ။အစ်ကို့ ရင်ခွင်ထဲ မှာ အစ်ကို့ရဲ့ နွေးထွေးတဲ့ လက်တွေနဲ့ ကျွန်တော့် မျက်ရည်တွေကို အမြန်လာ ဖယ်ရှားပေးလှည့်ပါတော့။

#########################

(update ပါ ရောယောဘွန်းတို့ အတိုရေးမယ် စိတ်ကူးနဲ့ ရေးပေမယ့် ဇာတ်လမ်းက မပေါ်သေးတော့ အပိုင်းရှည်ဦးမှာပါ သည်းခံဖတ်ပေးကြပါဦးနော် ကျေးဇူးတင်ပါတယ်ခ

#########################

Red String-အနီရောင်ကြိုးချည်မျှင်Where stories live. Discover now