Red String : Part 2 (Z/U)

352 34 3
                                        

Daou သူတို့ တတိယ နှစ် Code Line လူတွေ စုဝေးခန်းရောက်တော့ လူစုံတက်စုံရောက်နေကြပြီ

"Joong ငါတို့ ပထမနှစ် ကလေးတွေနဲ့က ဘယ်အချိန်တွေ့ရမှာလဲ"

"နေ့လည် ၁ နာရီ မှ Daou"

"ကလေးတွေကို ပေးရမယ့် ပစ္စည်းတွေလဲ စုံနေပြီ Daou"

"အင်း Est လည်ဆွဲကဒ်တွေကကော"

"Mook တို့ အုပ်စု ဒီမနက်ပဲ ဝေပေးနေကြပြီ"

သူတို့ အင်ဂျင်နီယာကျောင်းရဲ့ အလေ့အထ တခု ဖြစ်သော တတိယနှစ် ကျောင်းသူ ကျောင်းသားများက ပထမနှစ် fresher လေးများကို စောင့်ကြည့်ပေးရပြီး သူတို့ စတုတ္ထနှစ်ရောက်လျှင် ပထမနှစ်က ကလေးများကလဲ ဒုတိယနှစ်မို့ ဆက်လက်စောင့်လျှောက်ပေးရပြီး သူတို့ ကျောင်းပြီးသွားချိန် ဒုတိယနှစ်ကလေးများ က တတိယ နှစ်သို့ ရောက်ကာ စီနီယာ အစ်ကို အစ်မများ ရာထူးသို့ ရောက်ပြီး ပထမနှစ်ရောက်လာမည့် ကလေး များကို ကြည့်ရှူ စောက်ရှောက်ပေးရခြင်း အစဉ်အလာ ဖြစ်လေသည်။

"Daou ဒီမနက် ငါတို့က စတုတ္ထနှစ် အစ်ကို Yat တို့ နဲ့ ဆုံရဦးမယ်"

"အေးဟုတ်တယ် Est ဒီ အတန်းချိန်ပြီးမှ မဟုတ်လား"

"အေး"

သူတို့ အတန်းချိန်ပြီးတော့ စတုတ္ထနှစ်က အစ်ကိုတွေ အစ်မတွေနဲ့ တွေ့ဆုံကြလေသည်။

"ကဲ လူလဲ စုံပြီမို့ ညီလေး တို့ ညီမလေးတို့ ဒီနှစ်ကတော့ ကိုယ်တိုင် အငယ်လေးတွေကို ပြန်စောင့်ရှောက်ရမယ့် နှစ်ကို ရောက်လာခဲ့ပီနော် အစ်ကိုတို့ နှစ်အဆက်ဆက် လက်လွှဲယူလာတဲ့ အစဉ်အလာလေးက်ု ဆက်လက်စောင့်ထိန်းပေးပြီး ကြီးသူကိုရိုသေ ငယ်သူကို လေးစားပေးကြပါ။

"ဟုတ် အစ်ကိုတို့"

"ကဲ ဘာအစီအစဉ်လေးတွေ ရှိထားလဲ ဆရာ ဆရာမတွေကို ခွင့်တောင်းစရာ Case တွေရှိရင် အစ်ကိုတို့ကိုလဲ ပြောပြထားဦးနော်"

"ဟုတ်ကဲ့ပါ"

"အငယ်တွေအတွက် စီနီယာကောင်းတွေ ဖြစ်ကြမယ်လို့ အစ်ကို ယုံကြည်နေမယ်"

"စိတ်ချပါ အစ်ကိုတို့ က်ို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး"

ထို့နောက် Daou တို့ အုပ်စုလဲ စီနီယာ အစ်ကိုများနဲ့ သူတို့ရဲ့ အစီအစဉ် များကို ပြောပြဖြစ်ကြသည်။ အစ်ကိုတွေ အစ်မတွေရဲ့ အကြံပြုချက်တွေကလဲ သူတို့ကို အများကြီး အထောက်အကူ ပြုလေသည်၊

Red String-အနီရောင်ကြိုးချည်မျှင်Where stories live. Discover now