Red String : Part 2 (Z/U)

Start from the beginning
                                        

ထိုပန်းချီကားချပ်တွင် ထိုင်းရိုးရာ ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က သူ့လက်ထဲတွင် တရုတ်စကားပန်းလေးကို ကိုင်ထားပြီး မျက်ဝန်းတွေမှာတော့ ချစ်ခြင်းမေတ္တာတွေ ထင်ဟပ် ပေါ်လွင်နေလေသည်။

Offroad သူ့မျက်ရည်တွေက်ု လက်ခုံနဲ့ ဖယ်ထုတ်ပြီးနောက် ထို ပန်းချီကားနား တိုးကပ်သွားလိုက်လေသည်။

Offroad သူ့မျက်ရည်တွေက်ု လက်ခုံနဲ့ ဖယ်ထုတ်ပြီးနောက် ထို ပန်းချီကားနား တိုးကပ်သွားလိုက်လေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(ဒီပုံလေးကို Daou. တစ်ယောက်ထဲ ပန်းချီကားမျိုးပုံစံ မြင်ကြည့်ပေးပါနော်)

"လွမ်းလိုက်ရတာ အစ်ကိုရယ် ကျွန်တော့ က်ို မှတ်မိပါဦးမလား အရင်တုန်းကလိုပဲ တစ်ယောက်ထဲ ထားခဲ့ဦးမှာလားဟင် ကျွန်တော် အရမ်းလွမ်းနေခဲ့ရတာပါ"

"နောက်ဆုံးတော့ မိုးကောင်းကင်က ကျွန်တော့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပီ ကျွန်တော် နေ့တိုင်း ဆုတောင်းတာတွေကို ကြားနေပုံပဲ အစ်ကို့ရှေ့က်ို ဆိုက်ဆိုက်မြိုက်မြိုက်ပို့ပေးလိုက်တာ"

Offroad ပန်းချီကားကို လက်နဲ့ ခပ်ဖွဖွထိပြီး တီးတိုးရေရွတ်မိတယ်။ ပါးပြင်ပေါ် တသွင်သွင် စီးကျနေပေမယ့်  မျက်ရည်တွေကို သူ မသုတ်ဖြစ်ခဲ့ဘူး။

တချို့သော မျက်ရည်တွေက အစ်ကို သုတ်ပေးမှ ခြောက်မှာမို့ပါ။အစ်ကို့ ရင်ခွင်ထဲ မှာ အစ်ကို့ရဲ့ နွေးထွေးတဲ့ လက်တွေနဲ့ ကျွန်တော့် မျက်ရည်တွေကို အမြန်လာ ဖယ်ရှားပေးလှည့်ပါတော့။

#########################

(update ပါ ရောယောဘွန်းတို့ အတိုရေးမယ် စိတ်ကူးနဲ့ ရေးပေမယ့် ဇာတ်လမ်းက မပေါ်သေးတော့ အပိုင်းရှည်ဦးမှာပါ သည်းခံဖတ်ပေးကြပါဦးနော် ကျေးဇူးတင်ပါတယ်ခ

#########################

Daou သူတို့ တတိယ နှစ် Code Line လူတွေ စုဝေးခန်းရောက်တော့ လူစုံတက်စုံရောက်နေကြပြီ

Red String-အနီရောင်ကြိုးချည်မျှင်Where stories live. Discover now