"ဒါကြောင့် အစ်ကိုတို့က ကြိုဆိုဖို့ အဆင်သင့်မို့ ညီလေး ညီမလေးတို့က လာမိတ်ဆက်ဖို့ မျှော်လင့်ပါတယ်"
Mook နဲ့ Est အပြောပီးနောက် Daou က ဆက်လက်ပြောကြားလေသည်။
"ကြိုဆိုပွဲပီးရင်တော့ အစ်ကိုတို့ အင်ဂျင်နီယာဌာန ရဲ့ အလေးအနက်ထားရာ ပစ္စည်းကို ညီတို့ ညီမတို့ကို ပေးအပ်မှာပါ.....ဒီနေ့တော့ ဒီလောက်ပါပဲ အကုန်လုံး လဲ ပင်ပန်း နေလောက်ပီမို့ ဒီနေ့တော့ ဒီလောက်နဲ့ အဆုံးသတ်ပါ့မယ် အိမ် ပြန်လို့ရပါပီ ခဗျ"
"Yayyyy"
Daou ဆီက အိမ် ပြန်လို့ရပြီဟု ကြားရပြီးသည့်နောက် ကလေးတွေက ပျော်ရွှင်မြူးထူးစွာ အော်ဟစ်ကျလေသည်။ သူတို့ အုပ်စု လဲ လုပ်စရာ တာဝန်တွေ ပြီးမြောက်ပြီမို့ ထိုနေရာက ထွက်လာခဲ့ကြလေသည်။
Daou မသိ မမြင် ရလိုက်တာက Mask အောက်က ပြုံးနေတဲ့ နှုတ်ခမ်းလေးကိုပေါ့....
#########################
"ဦးလေး အိမ်မြန်မြန် မောင်းပေးပါ"
"အစ်ကိုလေး ဘာဖြစ်လို့လဲ"
"ကျွန်တော် အိမ် မြန်မြန် ပြန်ချင်လို့ပါ"
"ဟုတ်ကဲ့ပါ"
Offroad ကျောင်းက ပြန်လို့ရပီဆိုတာ နဲ့ Pond ကို ခပ်မြန်မြန်နှုတ်ဆက်ပြီး သူကို လာကြိုတဲ့ ကားဆီ အလျင်အမြန် ပြေးသွားလေသည် အဘယ်ကြောင့်ဆိုသော် သူ့ အိမ်က ပန်းချီ ခန်းလေးဆီ သူ အမြန် သွားချင်ခြင်းကြောင့်သာ ဖြစ်လေသည်။
"သားငယ် ပြန်လာပီလား"
"ဟုတ်"
"ကလေးငယ် ဖြေးဖြေးပြေးကွယ် ချော်လဲမယ်'
Offroad မေမေ တားလဲ တားချင်စရာပါ ဘာလို့ဆို ကားပေါ်က ဆင်းထဲက ကသောကမျောပြေးလွှား နေပြီး အခုလဲ လှေကားထစ်တွေ ကို ကျော်တက်နေမိပြန်သည်။
အခန်းတံခါးရှေ့ အရောက် သူ ခဏ အမောဖြေပီးနောက် ထိုအခန်းထဲ သို့ဝင်ရောက်ခဲ့သည်။
ထို အခန်ငယ်လေးထဲတွင် လူတစ်ယောက်ရဲ့ ပန်းချီ တွေနဲ့ သာ ပြည့်နှက်နေသော အခန်းဖြစ်လေသည်။
ထို့နောက် ပန်းချီကားချပ်ကြီး တခုရှေ့ သူ မတ်တပ်ရပ်မိပီးနောက် Offroad မျက်ရည်တွေ စီးကျလာရပြန်သည်။
YOU ARE READING
Red String-အနီရောင်ကြိုးချည်မျှင်
Fanfictionအစ်ကိုစန် ဝီး အစ်ကို့ လက်ကို မလွှတ်နိုင်ဘူး ဝီး တောင်းပန်ပါတယ် ဝီး အနားက ထွက်မသွားပါနဲ့ ဝီး အစ်ကို ဘဝမှာ ပထမဆုံး နဲ့ နောက်ဆုံး အချစ်က ဝီးပဲ အစ်ကို့ကို ယုံတယ်မလားဟင် အမြဲတမ်း ဝီး တစ်ယောက်ထဲကို ပဲ ချစ်နေမယ်ဆိုတာ ယုံကြည်ပေးပါ
Red String : Part 2 (Z/U)
Start from the beginning
