Red String : Part 2 (Z/U)

Start from the beginning
                                        

သူတို့ကျောင်း၏ မေဂျာ ခန်းမ ၌

အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်နေသော ကလေးတွေကြောင့် စတုတ္ထနှစ်က အစ်ကိုတွေ အစ်မတွေက သဘောကျနေကြလေသည်။ တတိယနှစ်က အစ်က်ု အစ်များကို ဒုတိယနှစ်က ကလေးများကလဲ ကူညီပေးနေကြသည်။

"ကလေးတို့ မကြာခင်မှာ စတုတ္ထ နှစ်က အစ်ကိုတွေက ကလေးတို့ အားလုံးကို လာနှုတ်ဆက်မှာ ဖြစ်တာကြောင့် လည်ဆွဲကဒ်လေးတွေကို သေချာဆွဲထားပီး နေပေးကြပါနော်"

Mook ရဲ့ မိုက်နဲ့ အော်သံအဆုံးမှာ ပထမနှစ်က ကလေးတွေ အကုန်လုံးက လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပေမယ့် ဆူညံ အသံတော့ ထွက်မလာခဲ့ပါ။

"ရပ်"

ဟိန်းထွက်လာတဲ့ အသံ နဲ့ အတူ အလယ်ခေါင်လျှောက်လှမ်းမှ  စတုတ္ထနှစ်က အစ်ကိုတွေက အစဉ်လိုက်လျှောက်ပြီး ကလေးတွေ ထိုင်နေတဲ့ ရှေ့မှာ တန်းစီရပ်လိုက်ကြလေသည်။

ထို့နောက် Daou တို့ တတိယနှစ် လူများက စီနီယာတွေနောက်မှာ ဝင်ရောက် စီတန်းကာ ရပ်လိုက်ကြသည်။

"အာလုံးပဲ အင်ဂျင်နီယာ ကျောင်းကနေကြိုဆိုပါတယ် ဒီနှစ်တွေမှာ ညီတို့ ညီမတို့ကို အစ်ကိုတို့ အင်ဂျင်နီယာကျောင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာရမယ့် အချက်တွေကို ပြောပြပေးမှာပါ ပီးရင် ညီလေး ညီမလေးတို့ရဲ့  Code line အစ်ကို အစ်မတွေက ညီလေး ညီမလေးတို့ကို ဒီနှစ်က စပြီး  စောင့်ရှောက်ပေးပါလိမ့်မယ်"

စီနီယာ အစ်ကို တို့ က အဖွင့်စကားမျိုးပြောဆိုပီး ထွက်သွားတဲ့နောက် Daou တို့ အုပ်စု ရဲ့ အလှည့်ရောက်လာခဲ့ပြီ။

"အားလုံးပဲ အစ်ကိုတို့ အားလုံးက အင်ဂျင်နီယာကျောင်းက နေ ကြိုဆိုပါတယ် ညီတို့ ညီမ တို့ ရှေ့မှာကော ဘေးမှာကော ရှိနေကြတဲ့ လူတွေ အကုန်လုံး က ညီတို့ ညီမတို့ရဲ့ Code Line စီနီယာတွေပါ"

Daou အပြောပြီးနောက် Joong က ဆက်ပြောလေသည်။

"အစ်ကိုတို့ အားလုံးရဲ့ ညီ ညီမ လေးတွေ ဖြစ်ချင်ရင်တော့ အစ်ကိုတို့ နာမည်တွေနဲ့ Code Line တွေကို သိအောင်လုပ်ရမှာပါ"

ထို့နောက် Mook က ဆက်ပြောလေသည်။

"ဒါပေမဲ့ အစ်မတို့ ရဲ့ စမ်းသပ် မှုတွေ အောင်မြင်မှ အစ်ကိုတို့ အစ်မတို့ အကြောင်းကို သိရမှာပါ"

Red String-အနီရောင်ကြိုးချည်မျှင်Where stories live. Discover now