လေယာဉ်ပျံထွက်တာနှင့် သူပြတင်းပေါက်ကနေ Tokyo ရဲ့ညအလှကိုသူခံစားကြည့်ရှုကာ၊သူသိလိုက်ရတာအမိမြေကိုခွဲခွာနှုတ်ဆက်ဖို့ အချိန်က ခဏတာကြာသွားလေတာကိုပေါ့။9 နာရီ 50မိနစ်ကြာသူစီးနင်းလိုက်ပါရတော့မယ်တည်း
________________

Sim Jakeဘက်ကတော့ သူဘက် မနက် ၁ နာရီကြမှပဲ ဘူတာမှာ မိဘတွေနှင့် စောင့်ရင်း ရထားလာတော့ မိသားစုနှုတ်ဆက်ပွဲလိုဖြစ်ကာ နှုတ်ဆက်ကြ၏။

သားဖြစ်သူအား စာကြိုးစားဖို့နှင့်လိုတာ ရှိရင်ပြောဖို့‌၊ကျန်းမာရေးဂရုစိုက်ဖို့နှင့်ကျောင်းပိတ်ရင် ခဏတာ လာလည်ဖို့သာ ပြောပြီးငိုကျကာ သားလုပ်သူကလည်း အဖေနှင့် အမေဖြစ်သူ ကိုသာကျန်းမာရေးဂရုစိုက်ဖို့‌နှင့်စိတ်မပူဖို့သာ ပြောပြီး သားအမိသားဖ တို့ဖက်ကြပြီး နှုတ်ဆက်ကာ သားလုပ်သူSim Jakeက ရထားပေါ်သာတက်သွားကာ မိဘများက ဝမ်းနည်းဝမ်းသာ မျက်ရည်များဖြင့်ကြည့်လေသည်။

ရထားပေါ်ရောက်တော့ ပြတင်းပေါက်ကနေ အဖေနှင့်အဖေ ဖြစ်သူကိုကြည့်ပြီးငိုကာ လက်ပြနှုတ်ဆက်လေသည်။အဖေနှင့်အမေကလည်းသား ဖြစ်သူကို လက်ပြနှုတ်ဆက်လေသည်။အငယ်ဆုံးသားလေးဟုတ်တော့စိတ်မချချင်ပေ။အကြီးကောင်ဖြစ်သူကျတော့ ယဉ်ကျေးကာ သူစိတ်‌ နေစိတ်ထားက Matureဘက်ရောက်နေပြီလေ။

ထိုချိန်ရထားမထွက်ခင် အစ်ကိုကြီးဖြစ်သူကလည်းရောက်လာကာ ရထားထဲကသူအား လက်ပြနှုတ်ဆက်တဲ့ညီလေးအားမြင်လိုက်ရတော့ ဂျစ်ကန်ကန်ညီလေးဖြစ်သူ က အခြားဘက်ကျောင်းတက်ပြီးပညာရှာမှန်းသိပေမဲ့ သူဘယ်လောက်ပဲရင့်ကျက်နေပါစေ။

ခွဲခွာခြင်းခဏလေးဆိုတာကြီးကိုသိသိနှင့်စိတ်မထိန်းနိုင်ပဲမျက်ရည်ထွက်လာကာ ညီဖြစ်သူအား ဟန်ဆောင်ပန်ဆောင်ပြုံးပြီး အားတင်းဖို့ သင်္ကေသပြနေသော်လည်း ငိုချင်သည်။

ခဏကြာ ခရီးသည်ကလည်းစုံ၊ရထားဖွက်ခွာချိန် ရောက်တာနှင့်ရထား ထွက်သွားတာနှင့် မိသားစု‌ဝင်တွေထဲက သူချစ်ရဆုံး အစ်ကိုနှင့်မိဘတွေလက်ပြ နှုတ်ဆက်တာကြည့်ပြီး သူခင်ဗျာငိုတာ မရပ်ပဲ တာ့တာပြနှုတ်ဆက်လေသည်။

O͏U͏R͏ W͏A͏Y͏ B͏A͏C͏K͏ H͏O͏M͏E͏Место, где живут истории. Откройте их для себя