Sohyun မြင်ကွင်းမှာ သူတို့နှစ်ဦးပျောက်သွားမှပဲသူမကြမ်းပြင်ပေါ်တစ်ဖြည်းဖြည်းလျောကျထိုင်ပြီး ငိုလေသည်။
သူမသူငယ်ချင်းတွေ တစ်နေ့သူမကိုခွဲသွားမှာသူမတွေးမိခဲ့ပေ။
အရမ်းချစ်တဲ့သူငယ်ချင်းတွေကို ပညာသွားသင်နိုင်အောင်သူမကူညီပေးခဲ့တာ မခွဲခြားချင်ပေမဲ့သူမ သူငယ်ချင်းကောင်း တာဝန်ကျေပွန်တာသူမ သိနေပေမဲ့၊၊ခင်ခဲ့တာကြာတော့ မခွဲရက်နိုင်ပေ။

သူမလည်းငိုရင်းလေယျာဉ်ပျံ‌ထွက်သွားတဲ့ချိန်ထိလေယျာဉ်ကွင်းက လေယျာဉ်ပျံတွေ ထွက်သွားတာ မြင်ရတဲ့ပြတင်းပေါက်မှာကြည့်လေရှာသည်။

Sunghoonတို့ စီးသွားတဲ့လေယျာဉ်ပျံကထွက်ခွာသွားတော့သူမခင်ဗျာ မိန်းကလေးဖြစ်တဲ့အတွက် သန်မာချင်ယောင်ဆောင်လည်းအလကားတည်း၊သူငယ်ချင်းတွေနှင့် မခွဲဖူးတဲ့ခံစားချက်ကြောင့်ရင်ထဲစို့လေသည်။ သူမခင်ဗျာ ပျော်ရမလားငိုရမလား မကွဲပေ။မျက်နှာကလေယာဉ်ပျံ ထွက်သွားတော့ပြုံးရီတဲ့မျက်နှာနှင့်မျက်ရည်များစွာက ပါးပြင်မှာစိုရွဲလေရဲ့။

သူမလည်း လေယာဉ်ပျံကြီး ပျံသွားကို သာငေးကြည့်လေသည်။လေယျာဉ်ပေါ်မှာတော့ Minju ခင်ဗျာ ကြိတ်မှိတ်ပြီး မငိုချင်ယောင်ဆောင်လည်းငိုလေရှာသည်။ ဘေးကSunghoon ကတော့ နှစ်သိမ့်ပေးလေသည်။သူလည်း သူငယ်ချင်းနှင့်ခွဲရတော့ဝမ်းနည်းပေမဲ့။ယောကျာ်းလေးဖြစ်သည့်အတွက် မငိုအောင် စိတ်ကိုတင်းဆုပ်ထားနေရသည်။

သူတို့ခင်မင်မှုကနည်းတာမှမဟုတ်ပေ။ငယ်သူငယ်ချင်းတွေဆိုတော့ ဘယ်သူကခွဲခွာရင်မငိုချင်ပဲနေမလည်း။လေယျာဉ်ပျံကြာချိန်က 12နာရီ 19မိနစ်ဆိုတော့လည်း သူတို့လည်း စိတ်ပြေအောင်စကားပြောရင်း Sohyun ဘယ်လိုနေမလည်းဆိုတာတွေးမိလေသည်။
________________________________

Rikiဘက်ကတော့ အထီးကျန်စွာ လေယျာဉ်ကွင်းလာရသည်။မိဘတွေကအမြဲအလုပ်တွေရှုပ်နေသည်တည်း။သူကိုမည်သူမျှလိုက်မပို့ပေးရှာပေ။သူလေယျာဉ်ပေါ်ရောက်တော့ ပြတင်းပေါက်ကနေ အပြင်ဘက်ကနေလှုပ်ရှားမှုတွေကြည့်နေ
သည်။သူမှာဝမ်းနည်းစိတ်အနည်းငယ်ရှိပေမဲ့ အိမ်မက်တိုင်းဖြစ်ဖို့သူစိတ်ပိုင်းဖြတ်လိုက်လေသည်။

O͏U͏R͏ W͏A͏Y͏ B͏A͏C͏K͏ H͏O͏M͏E͏Where stories live. Discover now