Xing Mei လည်းတော်တော်ကို ပျံသန်းနေတဲ့ စီးပါလာတဲ့လေယျာဉ်ထဲမှာ စိတ်သက်သာရာရလေသည်။ သူမလည်း ပြတင်းပေါက်ဘက် ကနေကြည့်ကာ Chongqing ရဲ့ ညအလှကိုမြင်တွေ့ရပေသည်။Xing Mei လည်းစိတ်အေးသွားရှာရပေသည်။
________

တောင်ကိုးရီးယားဘက်က Minju Sunghoon တို့ကို Sohyun က မိသားစုတွေဆီကပထုတ်ပြီး သူမခိုးပြင်ပေးထားတဲ့ အထုတ်တွေကို ပေးပြီး ၊007 မကြီး ကိုယ်တိုင် လေယျာဉ်ကွင်းလိုက်ပို့ပေးလေသည်။လေယျာဉ်ကွင်းရောက်တော့
Minjuက Sohyun ကိုဖက်ပြီးနှုတ်ဆက်လေသည်။Sunghoonလည်း

"ကျေးဇူးပါဟာ။"

"မလိုဘူး။We are friends။ငါတို့ကအချင်းချင်းကူညီရမှာပဲဟာကို၊ဟိုရောက်ရင် နှစ်ယောက်သား တို့ကိုဖုန်းဆက်ကျအုန်း။လွမ်းနေမယ် မင်းတို့ကို တို့က"

MINJUခင်ဗျာ သူငယ်ချင်းတစ်ယောက်နှင့် ခွဲရတော့မယ်ဆိုတော့ငိုလေရှာကာ Sohyunအားတင်းကြပ်စွာဖက်ပြီး

"တို့လည်းနင်ကိုလွမ်းနေမှာပါ။ပြိုင်ပွဲကိုကောင်းဆုံပြိုင်ပါ။"

Sohyun လည်းပြန်ဖက်ပြီးခေါင်းညိတ်သည်။Sunghoonလည်း မျက်ရည်မထိန်းနိုင်တော့ မျက်ရည်တွေကျကာငိုချင်စိတ်ကိုထိန်းပြီး

"ကောင်းဆုံးပြိုင်ခဲ့ Sohyun ငါတို့ နှစ်ယောက် မင်းကို အဝေးကနေအားပေးနေမယ်။"

Sohyun ကလည်းမျက်ရည်တွေကျလာကာ မိန်းကလေးဆိုတော့ အသည်းမခိုင်ပဲ ငိုသံဖြင့်

"အေးပါဟာ။ဩစတေးလျမှာကောင်းကောင်းနေနော်။သူငယ်ချင်း။ငါလည်းပြိုင်ပွဲကိုအကောင်းဆုံးပြိုင်ခဲ့ကျမယ်။တစ်နေ့ပြန်တွေ့ကျရအောင်..."

Minju လည်းငိုပြီးဖက်ထား‌တာမရပ်ပေ။Sohyunက မိဘတွေမိကုန်ရင် သူတို့ရည်မှန်းချက်တွေပျက်ကုန်မှာဆိုးလို့အမြန်လွှတ်လေသည်။သူမ ကို လေယာဉ်ပျံရှိတဲ့ဘက်ဆီသွားမဲ့စစ်ဆေးရေးဂိတ်ကနေသူငယ်ချင်းနှစ်ယောက်က လက်ပြနှုတ်ဆက်‌လေသည်။ သူမလည်း ဟန်ဆောင်ပြုံးကာ ချစ်ရတဲ့သူငယ်ချင်းတွေကို ပညာရေးအတွက် ကူညီပေးလိုက်တဲ့သူပီပီ ငိုချင်တာကို ဖုံးကွယ်ပြီး လက်ပြ နှုတ်ဆက်ပြီးပြုံးပြလေသည်။

မနှုတ်ဆက်ချင်တာကို ဖုံးကွယ်ပြီး၊သူမလည်းဝမ်းသာမျက်ရည်ဝမ်းနည်းမျက်ရည်တွေဝဲလေသည်။ နှုတ်ဆက်တဲ့နှစ်ယောက်လည်း လက်ပြပြီးစစ်ဆေးခံပြီးမှအထဲဘက်ဝင်သွားကြသည်။

O͏U͏R͏ W͏A͏Y͏ B͏A͏C͏K͏ H͏O͏M͏E͏Where stories live. Discover now