" Under the Drops "

284 21 10
                                        

~ မိုးစက်လေးတွေ တဖွဲဖွဲကျနေသော နေ့လေးမှာ ~

အလုပ်ပိတ်ရက်မှာ ရာသီဥတုကအေးနေတာမို့ အခန်းအောင်းကာ Kdrama ကြည့်ရင်း အေးဆေး
နှပ်မယ့် စိတ်ကူးတွေဟာ မာတာမိခင်ကြောင့် ပျက်ခဲ့ရပါတယ် ။

" ကင်မ်ဆော့ဂျင် ..
မေမေ့ကို  ပန်း Order သွားပို့ပေးစမ်းပါ ..
လမ်းထိပ်တင်ပဲ မဝေးဘူး "

ဝယ်သူတွေ Order တင်ထားတဲ့ ပန်းတွေကို လိုက်ပို့ပေးဖို့ အကူအညီတောင်း .. အဲ မဟုတ်ဘူး
အမိန့်ပေးနေတဲ့ မာတာမိခင်ရဲ့ အသံ ။

" ဟာ မေမေကလဲ .. အလုပ်သမားတွေကိုပဲ ပို့ခိုင်းလိုက် မိုးရွာနေလို့ အပြင်မထွက်ချင်လို့ "

" အလုပ်သမားတွေမရှိလို့ပေါ့ ရှိရင် နင်တို့ကို ဒီလိုခယမနေပါဘူးနော ..
အတွန့်မတက်ပဲ မြန်မြန်လာ တော်ကြာဝယ်သူ
စောင့်နေရလိမ့်မယ် "

မာတာမိခင်ရဲ့ အမိန့်ကိုမလွန်ဆန်နိုင်တဲ့အဆုံးမှာတော့ ပျင်းရိတဲ့ခြေလှမ်းတွေနဲ့ အောက်ထပ်ကိုဆင်းခဲ့ရပါတယ် ။

" ဘယ်မှာလဲ အဲ့ဒီပန်း "

" ဟိုရှေ့က စားပွဲပေါ်မှာ စက္ကူအပန်းလေးနဲ့ ထုပ်ထားတဲ့တစ်ခု ..
ဟဲ့ မျက်နှာကြီးဆူပုပ်မနေနဲ့ ဒါလေးခိုင်းတဲ့ဟာကို "

မေမေ့ကို ဘာမှပြန်မပြောပဲ ဆူဆောင့်ကာ ထွက်လာခဲ့တယ် ။ အိမ်က စထွက်တုန်းကတော့ တိတ်ခါစပြုနေတဲ့မိုးက လမ်းတစ်ဝက်လဲရောက်ရော အညိုးနဲ့ရွာချပါလေရော ။ မိုးကာလဲမယူလာမိတာမို့ စက်ဘီးကိုသာခပ်သွက်သွက်နင်းရတော့တယ် ။ အမြန်ရောက်ဖို့ကိုစိတ်စောကာ အရှိန်နဲ့
ခပ်သွက်သွက်နင်းလာတဲ့ ဆော့ဂျင် ရဲ့ စက်ဘီးလေးဟာ လမ်းအချိုးအကွေ့တစ်ခုမှာ လမ်းကြားထဲက ထွက်လာတဲ့ လူတစ်ယောက်ကို တိုက်မိမလို
ဖြစ်သွားခဲ့တယ် ။

" အားး ..
တိုက်မိတော့မယ် ရှောင် ရှောင် "

ရုတ်တရက်ထွက်လာတဲ့သူကိုမြင်လိုက်တော့
ရှောင်လိုက်ရင်း ဆော့ဂျင် နဲ့ အတူ သူ့ရဲ့ စက်ဘီးလေးက လမ်းဘေးက ခြုံပုတ်ဆီကို ထိုးကျသွားခဲ့တယ် ။ တစ်ဖက်လူကလဲ ရုတ်တရက်ဖြစ်ပျက်သွားတာမို့ လန့်သွားပုံရတယ် ။

You've reached the end of published parts.

⏰ Last updated: Aug 08, 2024 ⏰

Add this story to your Library to get notified about new parts!

" Beautiful Instances "Where stories live. Discover now