တစ်ဖက်တောင်ကိုးရီးယားခြမ်းဘက်တွင်ရေခဲပြင်စကိတ်ရှိတဲ့ပြိုင်ပွဲအကြီးကျယ်ကျင်းပနေတဲ့ နေရာမှာ ရေခဲပြင်စကိတ်စီးတဲ့ပြိုင်ပွဲဝင်တွေထဲတွင်Park Sunghoon အမည်ရှိတဲ့ကောင်လေးကပြိုင်ပွဲကိုစိတ်ပါဝင်စားစွာမရှိပဲတစ်ခုခုကိုစိတ်ပူလေရဲ့။သူရှေ့ကအမေနှင့်သူ့၏အန်‌တီ တို့နှစ်သားကသူအားဆူပူကြိမ်းမောင်းလေရဲ့Sunghoonလည်းစိတ်တွေညစ်နေသည်။သူအလှည့်ရောက်တော့မနည်းစိတ်ပြန်နှစ်ကာဝင်ရောင်ယှဉ်ပြိုင်လေသည်။

စိတ်မပါတာတောင်ပါရမီထူးကြောင့်ကောင်းမွန်စွာယှဉ်ပြိုင်နိုင်ခဲ့သည်။နိုင်ငံအဆင့်ပြိုင်ပွဲဟုတ်တော့ ထိုနေ့ကကစားသမား ၄ဦးထဲကအတော်ဆုံး၁ယောက်ကိုရွေးပြီး ကမ္ဘာနိုင်ငံအဆင့်မှာဝင်ရောက်ယှဉ်ပြိုင်မဲ့လက်ရွေးစင်ကစား သမားကိုရွေးထုတ်မဲ့
နောက်ဆုံးရက်သတ္တပတ်ပြိုင်ပွဲတည်း။

သူလည်းစိတ်ကိုအတက်နိုင်ဆုံးထိန်းချူပ်ပြီး‌ပြိုင်ပွဲကိုကောင်းမွန်စွာဖျော်ဖြေနိုင်ပေသည်။သူယှဉ်ပြိုင်ပြီးနောက် သူကိုအမေဖြစ်သူနှင့်အဒေါ် ဖြစ်သူတို့ကဩဝါဒခြွေလေသည်။

"မင်း၊ငါသိက္ခာ‌ကို မချနှင့်ကြားလား"

ဆိုတဲ့အသံကြောင့်Sunghoonလည်းစိတ်တွေပျက်လေသည်။မိခင်ဖြစ်သူကအရင်က တောင်ကိုးရီးယားနိုင်ငံကနာမည်ကြီးဆုံးice skater တစ်ယောက်ဖြစ်တဲ့အတွက်သားဖြစ်သူကိုငယ်စဉ်ကတည်းက ကိုယ်ပိုင်ဝါသနာကိုရိုက်ချိုးပြီးချူပ်ကိုင်ခဲ့ပြီး။အမေနှင့်ဝါသနာတူအောင်တမင်လုပ်ခဲ့ပြီးအား Sunghoon အတင်းကြပ်သင်ခဲ့လေသည်။Sunghoonက‌ ကလေးတုန်းကမသိခဲ့တုန်းတာကြောင့်အမေလို ICE SKATER တစ်ဦးသာဖြစ်ချင်ခဲ့သည်။ထိန်းလည်းအရမ်း ချူပ်ခြယ်သည်။ဖခင်ကစဟိုသင်တန်းတက်ရမယ်ဘာညာပါသတ်မှတ်ပေးခဲ့သည်။သူတစ်ယောက်လွတ်လပ်ခြင်းအရသာကဘာဆိုတာမသိရှာပေ။သူဖြစ်ချင်တာလုပ်ချင်ပေမဲ့မိဘတွေက ကောင်းစေချင်လို့လုပ်ပေးတာစကား ကြောင့်ပြန်မပြောခဲ့နိုင်ပေ။ချူပ်ခြယ်လွန်းတဲ့မိသားစုအသိုင်းဝိုင်းကြောင့်သူက သူဆိုတာ မဟုတ်ပဲပုံသွင်းထားတဲ့ အရုပ်သာသာ ဖြစ်လေသည်။

သူ့ကသူဆိုတာမခံစားရပဲထိုအိမ်က စံပြသားဖြစ်ရမယ်ဆိုတဲ့စည်းမျဉ်းနှင့်သာနေခဲ့ရသူဖြစ်တာကြောင့်မွန်းကြပ်လွန်းသည်။သူအမေနှင့်အန်တီဖြစ်သူကတော့ ပြောလိုက်တာမပြီးပေ။Sunghoon၏စိတ်က ပိုပိုပြီးမွန်းကြပ်လာသည်။သူတို့မိသားစုကအရာရာပြီးပြည်စုံချင်တဲ့မိသားစုရဖို့ကိုသားတစ်ယောက်ကိုဖိအားပေးပြီးချူပ်ချယ်တဲ့မိသားစုတည်း။

O͏U͏R͏ W͏A͏Y͏ B͏A͏C͏K͏ H͏O͏M͏E͏Where stories live. Discover now