တစ်ဖက်ကဩစတေးလျဘက်Perthဘက်ကကောင်လေးကအချိန်ပိုင်းအလုပ်လုပ်ရင်း အိမ်ကိုပြန်လာလေသည်။
အိမ်ရောက်တော့သူမိဘတွေကသူအားဝမ်းသာစရာစကားပြောလေသည်။
"သား၊မင်း scholarshipအောင်တယ်။"
"ဟုတ်တယ်။သား"
ထိုကောင်လေးကပြုံးရွှင်ပြီး၊သူမထင်ထားတဲ့အရာကြားတော့ဝမ်းသာလေသည်။သူနာမည်ကSim Jake ဖြစ်ပြီးကိုးရီးယားဩစတေးလျကပြားဖြစ်လေသည်။ကိုးရီးယားနာမည်ကJaeYunဖြစ်ပြီး၊သူအား support ပေးတဲ့မိသားစုရှိပေသည်။
သို့သော်သူကခေါင်းမာတဲ့ သူစားဖြစ်၍မဟုတ်မခံရင်ပြန်ချတတ်သည်။တုတ်နှင့် ချေငဲ့ငဲ့စကားနှင့်ပေါ့၊baseball နှင့် basketball မှာ ထူးချွန်သူဖြစ်သည်။နည်းနည်းတော့ပေါင်းသင်းရခက်ပြီး လက်ပေါက်ကပ်တဲ့သူတည်း။
သူလိုလူကဘယ်ဘဝက ကောင်းတာလုပ်ခဲ့မိတာကြောင့်များ အရမ်းချစ်တဲ့မိဘ၊သူကို support ပေးတဲ့ ဆွေမျိုး၊ချမ်းလည်းချမ်းသာ ရုပ်လေးကလည်းချော၊ချစ်ကလည်း ချစ်စရာကောင်းလှသည်။အပြုံးကလည်း ပြုံးရွှင်လှပလေသည်။မိသားစုများရဲ့အချစ်ခံရတဲ့ကောင်လေးဖြစ်တဲ့သူကတော့ ဂျစ်တီးဂျစ်ကန်ကန်တော့တစ်ခါတစ်လေကျတတ်သည်။အခုမှာတော့ Scholarship ရတဲ့အတွက် သူကတော့ပျော်တွေ လွန်နေပေသည်။
မိဘတွေပိုက်ဆံရှိတော့ထိုတက္ကသိုလ်ကိုထားပေးနိုင်သော်ကြားသူကတော့ scholarship ရအောင်သာကြိုးစားခဲ့တာအခုတော့သူကတော့ဖြစ်ချင်တာဖြစ်ခွင့်ရသလို မိဘပိုက်ဆံနည်းငယ်မျှသာကုန်ကြတော့မှကိုသာပျော်လေသည်။သူကဒီနိုင်ငံသားဖြစ်တဲ့အတွက်အချိန်ပိုင်းအလုပ်ကိုအေးဆေးရှာလို့ရလေသည်။
ဘဝကတော့သာယာလှတဲ့ မောင်မောင်Jakeကြီးကတော့ ဘယ်လိုကံဆိုးမှုတွေ၊ဘာတွေကြုံရမလည်းဆိုတာသူမသိခဲ့ပေ။
မိဘတွေကလည်းနားလည်မှုရှိတဲ့ မိဘတွေဖြစ်သလို ပိုက်ဆံကလည်းရှိသားကိုလည်းထောက်ပံ့နိုင်၊ အရမ်းကိုအဘက်ဘက်ကသာယာတဲ့ရှားပါးသည့် မိသားစုမှာ မွေးဖွားလာရတာ ဘယ်ဘဝက ကုသိုလ်ကောင်းမှုကြောင့်လည်း မသိ၊ရုပ်လေးကလည်းချောပြီးချစ်စရာလည်းကောင်း၊ ဉာဏ်ကောင်းရုံသာမက talents တွေကလည်းများစွာရှိလေသည်။သူလိုဘဝကို လူတိုင်းလိုချင်မိမှာအသေချာတည်း။
__________________________________
ESTÁS LEYENDO
O͏U͏R͏ W͏A͏Y͏ B͏A͏C͏K͏ H͏O͏M͏E͏
Romance(Unicode+ Zawgyi) Read as just a fanfiction.In this stroy please see as fictional characters.It is not intended to harm anyone including image too...All characters are just fictional characters and only related to this fanfiction. START -23.7.2024...
Part-(1)
Comenzar desde el principio
