သူမကိုမိသားစုကမိန်းကလေးဆို အိမ်မှုကိစ္စနိုင်နင်းရမယ်ဘာညာဆိုပြီးပုံသွင်းထားသောလည်းမိသားစုနောက်ကွယ်မှာထိုးထွင်းနိုင်သောဉာဏ်ရည်နှင့်အတူခေတ်ဆန်ပြီး ခေတ်လူငယ်ပီပီလှပတဲ့ဝတ်စားများဝတ်လေသည်။အိမ်မှာဆိုတရုတ်ရိုးရာဝတ်စုံဝတ်ရပြီးသူမအတွက်စိတ်နှောက်ယှက်တည်း။အမေဖြစ်သူကတော့သူအဖေ၏မိဘတွေကြောင့်ပညာတတ်လည်းလုံးလုံးကိုအိမ်ဖော်မကြီးကိုဖြစ်လို့၊Xiang Meiကအမှန်ဆိုအမေဖြစ်သူရဲ့အမိမြေနိုင်ငံတောင်ကိုးရီးယားကိုတစ်ခေါက်လောက်ရောက်ဖူးချင်လေသည်။

Xiang Meiတို့မိသားစုလို လက်တွေ့မှာ ထိုလိုမိသားစုထဲကလူတွေရှိနိုင်မလားမသိနိုင်ပေ။မိန်းကလေးဆိုအိမ်မှုကိစ္စလုပ်ရမယ်။ယောကျာ်းတွေရဲ့လက်အောက်မှာနေရမယ်။မိန်းမတွေကနိမ့်ကျတယ်။လှောင်စရာလူတွေစသည်ဖြင့်‌သတ်မှတ်တဲ့သူတွေရောရှိနိုင်မလား။ခေတ်ကပြောင်းရင်ရော၊ရှေးရိုးစွဲတွေကရှိနေမလား။
မိန်းမပီသဖို့မီးဖိုချောင်အလုပ်ကိုသပ်ရပ်စွာလုပ်ရမယ်။မိန်းမဆိုအိမ်မှုကိစ္စနှင့်သာလိုက်တယ်ဆိုတဲ့ခေတ်ကကုန်ရင်တောင်ရှေးရိုးစွဲတွေရှိနေရင်ရော။မိန်းမတွေလည်းလူထဲကလူပဲမဟုတ်လား။မိန်းမဟုတ်လို့အလုပ်မခန့်တဲ့အလုပ်ရှင်တွေလည်းရှိနိုင်တာပဲ။

အရာရာမမျှတတဲ့လောကကြီးကတော့မိန်းကလေးတွေကိုဝရင်ဝလို့ပိန်ရင်ပိန်လို့နှင့်Blameနေကြတာ နာမည်ကြီးတဲ့သူတွေရောပေါ့၊ယောကျာ်းလေးတွေဆိုလည်းနာမည်ကြီးတဲ့သူဆို ဝရင်လည်းဝလို့၊ သူငယ်ချင်နှင့်ရင်းနှီးတဲ့ပုံစံရှိလည်းshipခံနေရတာနှင့်အခြောက်ပြောခံရတာနှင့်။သာမန်ယောကျာ်းတွေပိုက်ဆံရှိတာနှင့်ကပ်ချင်တဲ့ အချောင်ခိုမိန်းမတွေကသက်သက်ကိုရှိသေးသည်။

မိန်းမတိုင်းယောကျာ်းတိုင်းကကောင်းတယ်မဆိုလိုပါ။ကောင်းဆိုးဒွန်တွဲနေတဲ့လောကကြီးမှာဘယ်ရာမဆိုအကောင်းဆိုးရှိသောလည်း၊လူတွေလည်းထိုလူပါပဲ။

မိန်းမဟုတ်လို့ အိမ်မှုကိစ္စလုပ်မယ်။ယောကျာ်းဟုတ်လို့ ပိုက်ဆံရှာရမယ်။စသည့်ဖြင့်ပျှမ်းမျှအရာတွေကို လူကြီးတွေကလူငယ်တွေကိုပုံသွင်းနေလို့မရပေ။အမှား၊အမှန်အကောင်းဆိုးကိုပြောပြမှလူငယ်တွေသူတို့အမှားတွေကိုပြင်နိုင်ဖို့စဉ်စားဉာဏ်ရကြရမည်။
_____________________________________

O͏U͏R͏ W͏A͏Y͏ B͏A͏C͏K͏ H͏O͏M͏E͏Where stories live. Discover now