ထိုအရာကိုသိနေတဲ့ Xiang Meiကတော့ရှောင်ထွက်ဖို့ Shanghai ကနေChongqingဆီကို ထွက်သွားဖို့
လုပ်လေသည်။သူမသိနေတယ် သူမ မိဘတွေမသိတဲ့သူမ နှင့်အရမ်းခင်တဲ့သူမလိုတရုတ်ကိုးရီးယားကပြားသူငယ်ချင်းဆီကားထားပြီးရထားဖြင့်ထွက်သွားဖို့လုပ်မဲ့ချိန်သူမလမ်းလည်ရောက်ရင်သူမမိဘတွေပြာတလဲအောင်ရှာရင်တောင်မတွေ့မှာကိုသိနေလေရဲ့။
သူမသူငယ်ချင်းဆီကားထားပြီးခရီးဆောင်အိတ်ကိုယူကာဘူတာဘက်ထွက်သွားလေသည်။လက်မှတ်ဖြတ်ပြီးတာနှင့်ရထားစောင့်လေသည်။ရထားကရောက်မဲ့ချိန်ရောက်တော့ Shanghaiကနေ Chongqingကိုသွားဖို့ထိုင်ခုံမှာထိုင်ပြီး
ပြတင်းပေါက်ကိုငေးမောလေရဲ့။သူမearphone ကိုနားမှာတပ်ပြီးသူမသီချင်းတစ်ပုဒ်ကိုသူမကြားနိုင်လောက်သည့်အသံဖြင့်သာညီးနေသည်။
"Do you feel special? (No)
Do you feel replaceable? (Yeah)
You hear that voice inside your head
It's saying here you are
It's your time, time to shine
On and on and on and on"
သူမတစ်ယောက်တော့တရုတ်မပီသစွာဖြင့်နိုင်ငံခြားသီချင်းကိုညီးလေသည်။ရထားထွက်တော့သူမဆိုတဲ့သီချင်းကိုတစ်ခေါက်နားထောင်လေသည်။
လူငယ်တွေဆိုတော့အိမ်မက်ကိုယ်စီရှိကြမှာတည်း။သူမအိမ်မက်ကတော့ famous racerတစ်ယောက်ဖြစ်ချင်ပြီး မိသားစု၏ရှေးရိုးဆန်မှုကိုဖျောက်ဖြတ်ချင်သည်။
သူမ မှာအစ်ကိုတစ်ယောက်နှင့်ညီမငယ်ရှိလေသည်။အစ်ကိုဖြစ်သူကို အဘွား၊အဘိုး၊အဖေနှင့်ဆွေးမျိုးတို့ကပစားပေးတာကြောင့် မြှောက်တတ်လေသည်။ထိုမြှောက်တဲ့သူအစ်ကိုရဲ့ ရာဇပလ္လင်ကြီးကိုသူမကအမြစ်ကနေခုတ်ဖြတ် ပြီး မာနကိုချိုးချချင်လေသည်။
ယောကျာ်းလေးတွေဆို နတ်ဘုရားတစ်ပါးလိုသတ်မှတ်တဲ့မိသားစုထဲမှာမွေးလာတဲ့သူမကတော့ ခေတ်လူငယ်ပီပီကိုတွေးခေါ်တတ်သလို၊သူမကိုးကွယ်တဲ့ဘာသာတစ်ခုတည်းကိုသာယုံကြည်သက်ဝင်သည်။ဗုဒ္ဓဘာသာမှာမဟာယာနဗုဒ္ဓဘာသာနှင့်ထေရဝါဒဗုဒ္ဓဘာသာရှိသည်။ဗုဒ္ဓဘာသာကိုးကွယ်သူဦးရေ အများဆုံးနိုင်ငံများထဲမှတရုတ်နိုင်ငံပါဝင်ပေ၍အများဆုံးကမဟာယာနဖြစ်ပေမဲ့သူမကထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်သူဖြစ်သည်။
YOU ARE READING
O͏U͏R͏ W͏A͏Y͏ B͏A͏C͏K͏ H͏O͏M͏E͏
Romance(Unicode+ Zawgyi) Read as just a fanfiction.In this stroy please see as fictional characters.It is not intended to harm anyone including image too...All characters are just fictional characters and only related to this fanfiction. START -23.7.2024...
Part-(1)
Start from the beginning
