"မအားလို့ပါဟာ။ဘာပဲဖြစ်ဖြစ် ရေးဘဝက သူများကိုနှောက်ယှက်ခဲ့လားမသိပါဘူးဟာ။ဒီနှစ်လည်းရပါ့မလားမသိ။အသက်ကသာ၁၈ပြည့်တော့မယ်။၃နှစ်စလုံးကြိုးစားလည်း Scholarshipက မရ"
"အားမလျော့စမ်းပါနှင့်အရူးရာ"
"အားတောင်မရှိတော့ပါဘူး။Satoဆိုတဲ့ကောင်ကငါကို ဒီနှစ်လည်းရမှာမဟုတ်ဘူး။သူကဒီနှစ်သူပဲရမှာလို့ ယုံကြည်မှုရှိရှိပြောသွားတာ"
"ဘဝင်ရူးလေ"
ဆိုပြီးပြောတော့Rikiလည်းပြောလေသည်။Rikiသူငယ်ချင်းတရုတ်မလေးဟာအမှန်တကယ် တောင်ကိုးရီးယား-တရုတ်ကပြားမလေးဖြစ်ပြီး သူမတရုတ်နာမည်က Wang Xiang Meiဖြစ်၍ ကိုးရီးယားနာမည်ကWang Yun Heeဖြစ်သည်။ငယ်စဉ်ကသူမ ဂျပန်မှာမူလတန်းကနေအလယ်တန်းထိနေခဲ့ရာ Rikiနှင့်အတန်းဖော်တည်း။သူတို့ရဲ့အဆက်သွယ်မပြတ်ခင်မြင်မှုကြောင့် အခုထိဖုန်းနံပါတ်တွေဆိုရှယ်မီဒီယာအကောင့်တွေ့ပါရလေသည်။
Xiang Meiနှင့်Rikiကတော့စိတ်ပေါ့လက်ပေါ့ တစ်ယောက်မိသားစုအကြောင်းတစ်ယောက် ရင်ဖွင့်လေကြသည်။Xiang Meiကတော့ ရှေးရိုးဆန်တဲ့အဘိုးနှင့် အဘွားရှိသလို၊တရုတ်တွေပီပီXiang Mei အမေ နိုင်ငံခြားသူနှင့်အဖေကိုသဘောမတူခဲ့ပေ။Xiang Meiက Rikiကိုရင်ဖွင့်စကားပြောရင်း
"နိုင်ငံသားတူတူမတူတူ၊ဘာသာတူတူမတူတူ၊လူကလူပဲ၊ဒါပေမဲ့ လူအချင်းချင်းသာနားလည်ရင် ရှေးရိုးစွဲတာတွေသာမရှိရင်၊ငါတို့ကမ္ဘာစစ်ဖြစ်တာရပ်မှာ။တိုင်းရင်းသားတွေလည်းမခွဲခြားပဲကပြားတွေကိုမင်းကဘာဟုတ်လို့ ဘာညာမဟုတ်ပဲ၊စည်းလုံးရင်၊"
"အွန်းမှန်ပါတယ်ဟာ။မင်းအဘွားက မင်းကို....ဟာဒီခေတ်ကြီးကအသက်၂၀ရောက်ရင် လက်ထပ်ကိုထပ်ရမယ်ဥပဒေရှိလို့လား။ဟူးစိတ်ညစ်ပါတယ်ဟာ။"
"ငါလည်းလင်လိုချင်တာ မဟုတ်ဘူး။ငါက famous Car Racer ဖြစ်ချင်တယ်။အရပ်ပုလည်း ဖြစ်နိုင်တယ်မဟုတ်လား"
"နင်ငါးပေနှစ်လက်မကပုတယ်တဲ့လား။ဒုက္ခ"
"နင်လိုဓာတ်တိုင်ကိုမော့ကြည့်ရ ရင် လည်ပင်းကတော့ညောင်းတော့မှာ"
YOU ARE READING
O͏U͏R͏ W͏A͏Y͏ B͏A͏C͏K͏ H͏O͏M͏E͏
Romance(Unicode+ Zawgyi) Read as just a fanfiction.In this stroy please see as fictional characters.It is not intended to harm anyone including image too...All characters are just fictional characters and only related to this fanfiction. START -23.7.2024...
Part-(1)
Start from the beginning
